ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်အောင် ကြိုးစားနိုင်တယ်။ 

တစ်ယောက်ရဲ့အားသာချက်လေးတွေကို အမြဲတမ်းချီးကျူးလေ့ရှိတဲ့ သူတို့အတွဲလေးက အခုလည်း ဇနီးဖြစ်သူရဲ့ လေးစားအားကျဖို့ကောင်းတဲ့ အချက်လေးကို ရွှေထူးက ချီးကျူးစကားဆိုလိုက်ပါတယ်။

Photo; shwe mhone Yati

နားလည်မှုလေးတွေနဲ့ တည် ဆောက်ထားတဲ့ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးလေးဟာ ပရိသတ်တွေ အားကျရတဲ့ အိမ်ထောင်ရေးလေးတစ်ခုဖြစ်ပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် သည်းခံခွင့်လွှတ်မှုတွေ ရှိသလို တစ်ယောက်မကြိုက်တဲ့အရာလေးတွေကို တစ်ယောက်က ပြင်နိုင်အောင် အမြဲတမ်း ကြိုးစားလေ့ ရှိသူနှစ်ဦးပါ။ တစ်ယောက်ရဲ့အားသာချက်လေးတွေကို အမြဲတမ်းချီးကျူးလေ့ရှိတဲ့ သူတို့အတွဲလေးက အခုလည်း ဇနီးဖြစ်သူရဲ့ လေးစားအားကျဖို့ကောင်းတဲ့ အချက်လေးကို ရွှေထူးက ချီးကျူးစကားဆိုလိုက်ပါတယ်။

Photo; shwe mhone Yati

ရွှေထူးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့အနုပညာလောကမှာ အောင်မြင်အောင် ကြိုးစားနိုင်တဲ့ ချစ်ဇနီးချောလေးကို ကြည့်ပြီး ဂုဏ်ယူနေသလို လေးစားအားကျမိတယ်လို့ ဆိုပါတယ်။

“ကျွန်တော်သူ့ကိုအမြဲပြောလေ့ရှိတယ်။အဲဒါက သူအသက်(၁၃)နှစ်မှာမင်းသမီးစလုပ်တယ်။ (၁၃)နှစ်ဆိုတာ တော်တော်ငယ်သေးတယ်၊ ကျွန်တော်ဆိုရပ်ကွက်ထဲ မှာ ဆော့လို့ ကောင်းတုန်းအရွယ်ပဲရှိတယ်။အဓိကလေးစား ရတာက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ထိအောင်မြင်အောင် ကြိုးစားနိုင်တယ်။အထူးသဖြင့် မိဘပေါ်မှာလည်း တာဝန်ကျေတဲ့မိန်းကလေးတစ်ယောက်ဖြစ်လို့လေးစားတယ်၊ပြီးတော့ သူက ကျွန်တော့်ထက်ပိုပြီး စိတ်ထားတတ်တယ်” ဆိုပြီး ဖေဖော်ဝါရီ(၈)ရက်နေ့က ပြုလုပ်တဲ့ joox ပွဲမှာ Duwun ကိုပြောခဲ့တာပါ။

Photo; shwe mhone Yati

ရွှေထူးနဲ့ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေးကတော့ (၁)နှစ်ကျော်ထဲကို ရောက်ရှိနေပါပြီ။ ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။

Photo; shwe mhone Yati

အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ရွှေထူးကလည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေသူဖြစ်သလို ရွှေမှုံရတီကလည်း တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။

လက်ရှိမှာလည်း သူတို့နှစ်ဦးအတူ ပါဝင်သရုပ်ဆောင်နေတဲ့ “ကမ်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ သားညီနဲ့အတူ ရိုက်ကူးပုံဖော်လျက်ရှိပါတယ်။

 



က္က