သူက အစကတည်းက Ro တတ်သူပါ။
ရွှေမှုံရတီကတော့ ခင်ပွန်းရဲ့ romantic ဆန်မှုတွေကို လိုက်လို့တောင် မမီတော့ပါဘူးတဲ့။ ရွှေထူးကလည်း ဇနီးချောလေးကို Surprise လုပ်ဖို့ ပိုက်ဆံစုနေရတယ်လို့ ဆိုပါတယ်။

ရွှေမှုံရတီကတော့ ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့ Surprise တွေကြောင့် အရမ်းပျော်ရွှင်ခဲ့ရတာတွေရှိတယ်လို့ ဆိုပါတယ်။ ရွှေထူးရဲ့ romantic ဆန်မှုတွေကို လိုက်မမီတော့ဘူးလို့ ရွှေမှုံရတီက အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ သူကတော့ အရမ်း Ro တတ်ပါတယ်။ သဲလည်း Ro တတ်တယ်၊ ဒါပေမယ့် သူ့လောက်တော့ မRo တတ်ဘူး။ သူက နဂိုကတည်းက စိတ်အရင်းခံရှိပြီးသားဆိုတော့ ကောင်းပါတယ်။ Ro မှာချစ်တာ မဟုတ်ပါဘူး၊ ချစ်လို့ Ro ကြတယ်လို့ သဲ မြင်ပါတယ်။ အချစ်က အချစ်ပါပဲ။ ယောကျ်ားကို ကြည့်တဲ့ အကြည့်တွေကလည်း အသက်ပါတယ်ဆိုတာ ချစ်လို့ပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက “ကမ်း” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

ရွှေထူးကလည်း ချစ်သူများနေ့ နီးလာပြီဖြစ်တာကြောင့် ဇနီးချောလေးကို Surprise လုပ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် အိမ်ထောင်သည် ယောကျ်ားတစ်ယောက်ဖြစ်တာကြောင့် Surprise လုပ်ဖို့ ပိုက်ဆံစုရတာ အဆင်မပြေဘူးလို့ ဟာသနှောရင်း ပြောပြလာပါတယ်။ 

“အိမ်ထောင်သည် ယောကျ်ားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုရှိတယ်။ ဒါက ယောကျ်ားတွေက အလုပ်လုပ်တယ်၊ မိန်းမကို ပိုက်ဆံအပ်တယ်၊ မိန်းမတွေကကျတော့ Surprise လည်းလိုချင်သေးတယ်၊ ပိုက်ဆံကျတော့ မပေးဘူးဗျာ။ ကိုယ့်မှာကျတော့ ရှာကျန်ပြီးတော့ ၁ သောင်းလေးကျန်ရင် ၁သောင်းစု၊ ၅ ထောင်ကျန်ရင် ၅ထောင် စုလုပ်ထားရတာ။ ဒါကတော့ ယောကျ်ားတွေအကုန်လုံးလည်း ကိုယ့်မိန်းမကို Surprise လုပ်ချင်တော့ ဒီလိုပဲ ဖြစ်မယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။ 

Photo: Amazing Grace

ရွှေမှုံရတီနဲ့ ရွှေထူးတို့ ဇနီးမောင်နှံကတော့ မကြာခင်မှာ “ကမ်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတွဲ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သူတို့ ဇနီးမောင်နှံ နှစ်ယောက် တွေ့ဆုံတဲ့ ဒုတိယမြောက် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရွှေထူးကလည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေသူဖြစ်သလို ရွှေမှုံရတီကလည်း တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က