မြန်မာလူမျိုးတွေက ရွှေကို စုဆောင်းတတ်ကြပါတယ်။

ဖြူဖြူကျော်သိန်းကတော့ မြန်မာမိန်းကလေးတစ်ယောက် ပီပီ ရွှေ ကို ကြိုက်နှစ်သက်တဲ့အကြောင်း ပြောပြလာပါတယ်။ ခေတ်နဲ့ အညီပြောင်းလဲလာတဲ့ ဒီဇိုင်းလေးတွေကိုလည်း သဘောကျတယ်လို့ ဆိုပါတယ်။

ဖြူဖြူကျော်သိန်းကတော့ ရွှေကို နှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ ရွှေဝတ်ရတဲ့အချိန်မှာ ခံစားရတဲ့ ခံစားချက်ကို Duwun Media ကနေ ပြောပြလာပါတယ်။



“ ကိုယ်ကတော့ မြန်မာ မိန်းကလေးလည်းဖြစ်တဲ့အခါကျတော့ ကိုယ့်ကို မိတ်ကပ်တွေ၊ ဆံပင်တွေ၊ အင်္ကျီတွေ နဲ့ ရွှေတွေဆင်ထားပြီးပြီဆိုရင် အလိုလိုနေရင်းနဲ့ ဘဝင်တွေက မြင့်နေတော့တာ။ အလိုလိုနေရင်း စိတ်ကြီးက ဝင်သွားရော” ဆိုပြီးတော့ ရယ်ရယ်မောမော နဲ့ ဖြေဆိုခဲ့တာပါ။ 

ရွှေနဲ့ ပတ်သက်လာရင် မြန်မာလူမျိုးတွေက စုဆောင်းတတ်တဲ့ အကျင့်လေးတွေရှိတယ်လို့ လည်း ဖြူဖြူကျော်သိန်းက ပြောပြခဲ့ပါတယ်။

“ရွှေဆိုတာကလေ အရင်တုန်းက လူကြီးတွေပြောတာ အရမ်းမှန်တယ်။ ရှိရင်တန်ဆာ၊ မရှိရင် ဝမ်းဆာ ဆိုတာလေ။ မြန်မာပြည်ဆိုရင် Golden Land ၊ ရွှေမြန်မာဆိုပြီးတော့ မြန်မာတွေက ကိုယ့်ကိုယ်ကိုယ် တင်စားပြီးပြောကြတယ်။ အစ်မတို့ တိုင်းပြည်က ရွှေလည်း အရမ်းထွက်တယ်။ အပေါဆုံးက ရွှေပဲ အိမ်တိုင်းမှာ ရွှေရှိတယ်။ မြန်မာနိုင်ငံမှာ မိသားစုတော်တော်များများက ဘာမှမရှိရင်တောင်မှ ရွှေလေးတစ်မှုံလောက်၊ တစ်စလောက်တော့ ဝယ်စုတတ်ကြတယ်” ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက်နေ့က ဝိန့်စိန်ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။

ဖြူဖြူကျော်သိန်းဟာ ခေတ်နဲ့ အညီပြောင်းလဲလာတဲ့ လက်ဝတ်ရတနာ ဒီဇိုင်းလေးတွေကလည်း အရမ်းကို သဘောကျစရာကောင်းတယ်လို့ ဆိုပါတယ်။

“ အရင်ခေတ်တုန်းကဆိုရင် ရွှေကို ဒီလို ပုံစံအဆန်းတွေ လုပ်နိုင်ခဲ့ကြတာ မဟုတ်ဘူး။ အခုဆိုရင် တိုးတက်လာကြတဲ့ခေတ်မှာ စိန်၊ ရွှေရတနာဆိုင်တွေဆိုလည်း အပြိုင်အဆိုင်ပဲ၊ ပုံစံမျိုးစုံ လုပ်ကြတယ်။ နားဆွဲလေးတွေဆို အရင်တုန်းကလို မလေးတော့ဘူး။ ပေါ့ပေါ့ပါးပါးလေးကိုမှ တကယ့်ကို ရွှေရည်အပြည့် သူတို့ လုပ်နိုင်ကြတယ်” လို့ သူက ပြောပြခဲ့ပါတယ်။

ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါ။ သူမက ပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကိုတော့ အတွင်းကြေ သီချင်းကနေ ပရိသတ်တွေ ပိုပြီး သတိထားအားပေးလာကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် ဖြစ်လို့နေပါပြီ။ အခုချိန်မှာလည်း Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲကြီးရဲ့ အကဲဖြတ်ဒိုင်တစ်ဦးအနေနဲ့ ပါဝင်နေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က