အဆင်မပြေရင် ပြန်ရောင်းလို့ရတယ်။

စီးပွားရေးအဆင်မပြေတဲ့အချိန်တွေမှာဆိုရင် ရွှေက ထုခွဲရောင်းစားလို့ ရတယ်လို့ သူမက ဆိုပါတယ်။

Photo: Wah Wah Aung



 သရုပ်ဆောင် ဝါဝါအောင်က လက်ဝတ်ရတနာတွေထဲမှာ ရွှေထည်တွေ ဝယ်စုရတာ ပိုအကျိုးရှိတဲ့အကြောင်း ပြောလာပါတယ်။ အခက်အခဲ ဖြစ်နေတဲ့ အချိန်တွေမှာ ရွှေက ပြန်ရောင်းလို့ ရတယ်လို့ Duwun ကနေ သူကဆိုပါတယ်။ 

“ အန်တီဝါက ရွှေစုရတာ ဝါသနာပါတယ်၊ သဘောလည်းကျတယ်။ အန်တီဝါတို့ သူဌေးခန်းတွေ ရိုက်ရမယ်ဆိုရင် ဖန်စီတွေ အရမ်းဝယ်ရတာ ဝယ်ပြီးတော့မှ အရမ်းနှမြောမိတယ်။ သုံးပြီးတော့မှ အလကားဖြစ်နေတာပေါ့နော် ဘာမှလည်း မလုပ်ဖြစ်ဘူး။ ပြန်ရောင်းလို့လည်း မရဘူး။ ရွှေကြတော့ ကိုယ်အဆင်ပြေတဲ့အချိန်မှာ အဆင်ပြေသလိုလေး လုပ်ထားတော့ လိုအပ်ရင် ထုခွဲရောင်းချလို့ရတယ်” ဆိုပြီးတော့ ဇွန်လ ၁၀ ရက်နေ့က ရုပ်ရှင် နှစ်(၁၀၀) ပြည့်ရိုက်ကူးရေးကို လာရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Wah Wah Aung

ဝါဝါအောင်ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ အဆက်မပြတ် ရိုက်ကူးနေရတဲ့အချိန်မှာ ရွှေတွေ ဝယ်စုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမက ရွှေစုတတ်သလို ခင်ပွန်းဖြစ်သူ ဦးအောင်ခိုင်ကလည်း ပိုက်ဆံ စုလေ့ စုထ ရှိတယ်လို့လည်း ဝါဝါအောင်က ပြောပါတယ်။

 “ အရင်တုန်းက အန်တီဝါတို့ ဇာတ်ကားတွေ အရမ်းရိုက်ခဲ့ရပါတယ်။ ဆရာဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) နဲ့ဆိုရင် အများကြီးရိုက်ခဲ့ရတာပါ။ ၂ နှစ်လောက်ကို တော်တော်ရိုက်နေရတဲ့အချိန်မှာ စုလည်း စုတယ်၊ သုံးလည်း သုံးတယ်။ ကိုယ့် မိသားစုလည်း ကြည့်ရတာပေါ့။ အန်တီဝါ့အမျိုးသား ဦးအောင်ခိုင်လည်း တတ်နိုင်သလောက် စုတယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းပေါ့။ ဒါတောင် အန်တီဝါ စုတာ နည်းနေသေးတယ်လို့ ထင်တယ်။ သေသေချာချာ စေ့စေ့စပ်စပ် လုပ်လိုက်ရင် ဒီ့ထက်တောင် ပိုစုနိုင်ဦးမှာ။ ရွှေဆိုတာ ရှိရင် တန်ဆာ၊ မရှိရင် ဝမ်းစာပဲလေ တကယ်လိုအပ်လာတယ်ဆိုရင် ထုတ်သုံးကြရမှာပဲ”လို့ သူကဆိုပါတယ်။

Photo: Wah Wah Aung

 ဦးအောင်ခိုင်ကတော့ ဇနီးဖြစ်သူ ရွှေတွေ စုလေ့ စုထ ရှိတာကို မသိခဲ့ဘူးလို့လည်း ဝါဝါအောင်က ပြောပါတယ်။ “ အန်တီဝါ ရွှေတွေ စုတာ ဦးအောင်ခိုင်မသိဘူး။ ကိုယ်ထုတ်ဝတ်တော့မှ သူက သိတာ။ ဟာ.. ဘယ်တုန်းက လုပ်ထားတာလဲပေါ့။ ဒီလိုပဲ အဆင်ပြေတဲ့အချိန်မှာ လုပ်ထားလိုက်တာပေါ့လို့ပြောရတယ်။ သူကိုယ်တိုင်လည်း အံ့သြဝမ်းသာဖြစ်သွားတာပေါ့။ ရွှေထည်တွေပဲ စုတယ်၊ ကျောက်တွေက ကျတော့ ပြန်ရောင်းရင် ရှုံးတာလေးတွေရှိတတ်တော့ မစုဖြစ်ဘူး။ ကိုယ်ရွှေစုတိုင်းလည်း ဦးအောင်ခိုင် မသိတာများတယ်” လို့ သဘောကျရယ်မောရင်း ပြောလာပါတယ်

Photo: Wah Wah Aung

ဝါဝါအောင် ကိုတော့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန် ထိ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြင်ဆင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်အခိုင်အမာ ရရှိနေတာ ဖြစ်ပါ တယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေမှာလည်း အဆက်မပြတ် ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က