အစ်ကိုကျော် နဲ့ ရင်းနှီးမှုတွေကိုလည်း ပြောပြလာပါတယ်။
Sabal Thwin

နှင်းဆီဇာတ်လမ်းတွဲထဲက ပရိသတ်ရင်ထဲရောက်သွားခဲ့တဲ့ နှင်းဆီဆိုတဲ့ ဇာတ်ကောင်နေရာနဲ့ ခေးဆက်သွင်ဟာ အစ်ကိုကျော် ဇာတ်ကောင်နဲ့ ပရိသတ်တွေ မုန်းနေတဲ့ စည်သူဝင်း နဲ့ အပြင်က ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

Photo: Khay Sett Thwin

ပရိသတ် စိတ်ဝင်စားမှု အများဆုံးရရှိနေတဲ့ ‘’နှင်းဆီ’’ဇာတ်လမ်းတွဲထဲက မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်အခိုင်အမာ ပိုပြီးရရှိလာတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ပရိသတ်အချစ်ကို ထိထိမိမိပြန်ရလိုက်တယ်။ အရင်တုန်းက ခေးကို အမာညို ဆိုပြီးတော့ ပရိသတ်တွေက သိကြတယ်။ လူငယ်ပရိသတ်တွေ အရမ်းကြိုက်ကြတယ်။ အခုချိန်ကျတော့ လူကြီး ပရိသတ်ရလာတယ်။ အမေ တွေ၊ အဖွားတွေ၊ အဒေါ်တွေက အရမ်းကြိုက်ကြတာများတယ်။ ကြိုးစားရတာ တန်ပါတယ်။’’ လို့ သူကဆိုပါတယ်။

Photo: Khay Sett Thwin

အဲဒီနောက် ဒီဇာတ်လမ်းတွဲထဲမှာ အစ်ကိုကျော် ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ရတဲ့ အမှတ်တရတွေကိုလည်း စည်သူဝင်းက ပြောပြလာခဲ့ပါသေးတယ်။

‘’ ပါးကတော့ အရိုက်ခံခဲ့ရတာ အမှတ်တရပဲ။ တကယ်လည်း အရိုက်ခံခဲ့ရတာဆိုတော့လေ။ တော်တော်ကြီးလည်း နာပါတယ်။ ရိုက်တဲ့ အသံတွေဆိုရင်လည်း ကျွန်တော်တို့ Effect တွေ ဘာတွေ မထည့်ဘူး။ တကယ့် အသံအစစ်တွေနဲ့ပဲရိုက်တာ။ အစ်မ ခေးဆက်သွင်နဲ့က ရိုက်တဲ့အချိန်မှာ အရမ်း ညှိရတာမျိုးလည်း မရှိဘူး။ အပြင်မှာလည်း မောင်နှမတွေလို ခင်မင်ရင်းနှီးတဲ့ သူတွေဆိုတော့ အေးအေးဆေးဆေးပါပဲ’’ ဆိုပြီးတော့ 29 ရတနာဆိုင်ရဲ့ ကံစမ်းမဲ ရွေးချယ်ဆုပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Khayy Sett Thwin

စည်သူဝင်းက ‘’နှင်းဆီ’’ဇာတ်လမ်းတွဲ ထဲမှာ ပါဝင်တဲ့ အစ်ကိုကျော် ဆိုတဲ့ ဇာတ်ကောင်အပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။

‘’ ကျွန်တော့်အတွက် ပေးဆပ်ရတာလည်း တန်ပါတယ်။ ကာရိုက်တာဖြစ်တဲ့ ကိုကျော် နေရာက နေမယ်ဆိုရင် ဒီကောင်ကြီးက ဒီလိုပဲ ဖြစ်သင့်တယ်ပေါ့နော်။ ဒီ့ထက်တောင် ပိုဖြစ်သင့်ပါသေးတယ်။ ဒါပေမယ့် ပညာပေးအနေနဲ့လည်းဖြစ်တယ်။ ဒီလိုမျိုးလုပ်နေတဲ့ ယောကျ်ားတစ်ယောက်က နောက်ဆုံး ပြစ်ဒဏ်မှာ ဒါမျိုးဖြစ်နိုင်တယ်ဆိုတာမျိုးရိုက်ပြထားတာပေါ့နော်။ အစ်ကိုကျော်အနေနဲ့ကတော့ တန်ပါတယ်။ စည်သူဝင်း အနေနဲ့ကတော့ မတန်ပါဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Khay Sett Thwin

‘’နှင်းဆီ’’ရုပ်သံဇာတ်လမ်းတွဲကိုတော့ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင်ပြသလျှက်ရှိတာ တွေ့ရပါတယ်။ ဒီဇာတ်ကားထဲက နှင်းဆီဆိုတဲ့ ကောင်မလေးဖြစ်တဲ့ ခေးဆက်သွင်ကိုလည်း ဒီလိုရုပ်သံဇာတ်လမ်းတွဲ တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့သူဖြစ်ပါတယ်။ အစ်ကိုကျော် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ စည်သူဝင်းကိုလည်း ဇာတ်လမ်းတွဲ မင်းသားချောလေး တစ်ယောက်အဖြစ် ပရိသတ်တွေ သတိထားမိခဲ့တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က