ဒီဆုအပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။

The Voice Myanmar Winner ဆုရရှိသွားတဲ့ နိုဗန်ထူးက သူ ရရှိခဲ့တဲ့ ဆုတွေကို ဂီတနဲ့ ပတ်သက်ပြီး အသုံးချသွားမယ်လို့ ဆိုပါတယ်။ သူလုပ်ချင်ခဲ့တဲ့ အရာတွေကို လုပ်ခွင့်ရပြီလို့ ပြောပါတယ်။

The Voice Myanmar 2019 Season 2 ရဲ့ Winner ဆုရှင် နိုဗန်ထူးကတော့ သူ ရရှိတဲ့ ဆုကြေးငွေကို ဂီတနဲ့ ပတ်သက်တဲ့ အရာတွေမှာ အသုံးပြုသွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

‘’ ရတဲ့ ဆုကို ကျွန်တော် Show ပွဲလုပ်မယ်။ ကျွန်တော် Organization လုပ်မယ်ဆိုတာကိုတော့ အစကတည်းက ပြောခဲ့တာပါ။ Organization တကယ်လုပ်ချင်ခဲ့တာ။ ဒါပေမယ့် ဖြေးဖြေးပေါ့နော်။ ကျွန်တော် ဘာတွေ လုပ်နိုင်မလဲ ဆိုတဲ့ဟာပေါ့။ ကျွန်တော့် တစ်ကိုယ်စာ နည်းနည်းတော့ သုံးမိမှာပေါ့’’ လို့ ဇွန်လ ၁၆ ရက်နေ့ညက The Voice Myanmar Final ပွဲအပြီးမှာ ဖြေဆိုခဲ့တာပါ။

အဲဒီနောက် ဂီတနဲ့ ပတ်သက်ပြီး လေ့လာမှုအားနည်းတဲ့ နယ်မြို့တွေမှာရှိတဲ့ ဝါသနာရှင်တွေကိုလည်း သင်ကြားပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ နိုဗန်ထူးက ပြောပါတယ်။ သူဟာ Winner ဆုကြေးအနေနဲ့ ငွေကျပ် သိန်း ၂၀၀ ၊ Universal Studio နဲ့ တေးသီချင်း တစ်ပုဒ်လက်တွဲဖန်တီးရမယ့် အခွင့်အရေး ရရှိခဲ့ပါတယ်။

‘’ နယ်ဘက်ကို ပြန်သွားပြီးတော့ ဂီတနဲ့ ပတ်သက်တဲ့ အရာတွေကို သင်တန်းပေးတာ တစ်ခုခုပေါ့။ လူငယ်တွေကို တစ်ခုခုလုပ်ပေးနိုင်မယ့် နည်းလမ်းမျိုးတွေကို ကျွန်တော် စဉ်းစားထားတယ်။ ဘာဆိုတာကိုတော့ မဖွင့်ပြောသေးဘူး။ ပြောလိုက်ရင်လည်း အပိုကြီးဖြစ်နေမှာ စိုးလို့ပါ’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် နိုဗန်ထူးဟာ The Voice Myanmar Winner တစ်ယောက်ဖြစ်လာတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။ သူလုပ်ချင်တဲ့ အရာတွေကို လုပ်ခွင့်ရပြီလို့လည်း ဝမ်းသာ အားရ ပြောပြလာပါတယ်။

‘’ ကျွန်တော် ပြောချင်တာကလေ ဒီဆုရသွားတယ်ဆိုတာက ကျွန်တော့်ကိုယ် ကျွန်တော်အရမ်းတော် တယ်လို့လည်း မပြောပါဘူး။ ကျွန်တော်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုပေါ့နော်။ လူငယ်တွေအတွက် လုပ်ပေးတာတို့၊ Organization လုပ်ချင်တာတို့၊ Show ပွဲလုပ်ချင်တာတွေကို ဝိုင်းပြီး ကူညီပေးတယ်လို့ ခံစားရပါတယ်။ ကျွန်တော်က ပလပ်ဖောင်းတစ်ခုကို ဖောက်ချင်တာ ဒီအတွက် ပံ့ပိုးပေးတယ်လို့ ယုံကြည်ပါတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

The Voice Myanmar Season 2 ရဲ့ နောက်ဆုံး ပြိုင်ပွဲကြီးကိုတော့ ဇွန်လ ၁၆ ရက်နေ့ ညက MRTV-4 ရေကူးမှာ ပြုလုပ်ခဲ့တာပါ။ ဒီပြိုင်ပွဲမှာ Winner ဆုရရှိသွားတဲ့ နိုဗန်ထူူးကတော့ မွန်လူမျိုးတစ်ယောက်ပါ။ သူ့ကိုတော့ Blind Audition မှာနဲ့တင် အကဲဖြတ်ဒိုင် ၄ ယောက်စလုံးရဲ့ အားကျမှုကို ခံခဲ့ရသူတစ်ယောက်ပါ။ သူ့ရဲ့ Music တွေကတော့ တခြားပြိုင်ပွဲဝင်တွေ၊ ပြိုင်ပွဲဝင်ခဲ့ဖူးသူတွေ မပြိုင်ဖူးခဲ့တဲ့ Hard Rock အကြမ်းစားMusic အမျိုးအစားနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။

Share

Loading Next Article...
က္က