MMID Season-4 မှာ ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။
Sabal Thwin

Myanmar idol(Season-4) ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်လာတဲ့ အေးမြဖြူကတော့ Winner တစ်ယောက်ဖြစ်ဖို့အထိ မမျှော်လင့်ရဲပါဘူးလို့ဆိုပါတယ်။ သူမကို အားပေးတဲ့ ပရိသတ်တွေကြောင့် ပိုကြိုးစားချင်စိတ်တွေ ဖြစ်လာပါပြီတဲ့။

Photo: Aye Mya Phyu

ကလေးဘဝကတည်းက သီချင်းတွေဆိုပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အေးမြဖြူကတော့ Myanmar idol(Season-4) မှာ ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ ဝါသနာပါတဲ့ ဂီတအလုပ်တွေကို ဒီပြိုင်ပွဲကနေတဆင့် ကြိုးစားသွားမယ်လို့လည်း မီဒီယာ အင်တာဗျူးတွေကနေ ဖြေဆိုခဲ့ပါတယယ်။

‘’ Myanmar idol (Season 3) ကတည်းက မမ ချမ်းမြေ့မောင်ချိုတို့ကိုဆိုရင် အရမ်းအားကျတယ်။ ဒီအစီအစဉ်ရဲ့ ပြိုင်ပွဲဝင်လည်းဖြစ်ချင်တယ်။ ပြိုင်ရတာကိုလည်း သမီးကိုယ်တိုင်က ဝါသနာပါတယ်။ အဲဒီအတွက် ဒီပြိုင်ပွဲကနေပဲ ဆက်ကြိုးစားသွားမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ Myanmar idon (season 4) ကို ဝင်ပြိုင်ဖြစ်ခဲ့တာပါ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့က Myanmar idol (Season-4) မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Aye Mya Phyu

အေးမြဖြူကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ Winner ဆု ရတဲ့အထိ မျှော်လင့်နေကြတာကို တွေ့ရပါတယ်။ သူမကိုယ်တိုင်ကလည်း အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

‘’Winner ဆုကတော့ အရမ်းကြီး မမှန်းပါဘူး။ ဒါပေမယ့် အကုန်လုံးကလည်း အားပေးတယ်။ ပရိသတ်တွေကလည်း ချစ်ကြတယ် ဆိုကတည်းက သမီး တော်တော်လေး ကျေနပ်ပါပြီ။ winner ဖြစ်တဲ့ အထိလည်း သမီး ကြိုးစားသွားပါမယ်။ ပရိသတ်အားပေးမှုတွေကြောင့်လည်း စိတ်က အရမ်းကြိုးစားချင်စိတ်ဖြစ်လာတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Myanmar idol

အေးမြဖြူ ကတော့ ငယ်ငယ်ကတည်းက သီချင်းတွေ ဆိုခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ သူမ အနေနဲ့ ပညာရေးကို ပိုပြီး ဦးစားပေးခဲ့တာကြောင့် ဂီတအလုပ်တွေနဲ့ အနည်းငယ် အဆက်ပြတ်ခဲ့တယ်လို့ ပြောပါတယ်။

‘’ ငယ်ငယ်တုန်းကဆိုရင် ၂ တန်းအရွယ်လောက်က ‘တိုင်ပြောမယ်’ သင်္ကြန် သီချင်းလေး ဆိုခဲ့ဖူးတယ်။ ဂီတ တံခါးလေး ဖွင့်ပါဦး အစီအစဉ်မှာ ပရိသတ်တွေက စသိခဲ့တာပါ။ အဲဒီတုန်းကတည်းက အားပေးလာတဲ့သူတွေက အခုချိန်ထိလည်း အားပေးကြတော့ အရမ်းဝမ်းသာပါတယ်။ သမီးက အခုဆို အသက် ၁၆ နှစ်ရှိပါပြီ။ ၅ တန်းလောက်အထိပဲ ဒီအနုပညာအလုပ်ကို လုပ်ခဲ့တာပါ။ ၈ တန်းလောက်က စပြီး အနုပညာအလုပ်တွေနဲ့ နည်းနည်း ပြတ်သွားတယ်။ စာဘက်ကိုပဲ ဦးစားပေးခဲ့တာပါ။ အခု ၁၀ တန်း ဖြေပြီးတဲ့ အထိပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Aye Mya Phyu

အေးမြဖြူကတော့ Myanmar idol (Season-4) မှာ Top-11 နေရာမှာ ပါဝင်နေတာဖြစ်ပါတယ်။ သူ့ကို Vote ပေးနိုင်မယ့် နံပတ်ကတော့ No.77711 ဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက သီချင်းတွေလည်း ဆိုခဲ့တဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။




ဆက်စပ်အကြောင်းအရာများ


က္က