သူ့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေခဲ့ပါတယ်။
Sabal Thwin

ခန္ဓာကိုယ် ဝနေလို့ ဝိတ်ချချင်တဲ့ ပရိသတ်တွေအတွက် ချောရတနာက Gym ဆော့လို့ဖြစ်လာတဲ့ အကျိုးလေးတွေကို ပြောပြလာပါတယ်။ သူဆိုရင်တော့ ပေါင် ၁၈၀ ကနေ ၁၃၅ အထိ ဝိတ်ချနိုင်ခဲ့ပြီလို့ဆိုပါတယ်။

ချောရတနာကတော့ သူမရဲ့ ခန္ဓာကိုယ်ကို သိသိသာသာ ဝိတ်ချနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုဝိတ်ချဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ အလုပ်ပြန်လုပ်ချင်တာ၊ မလုပ်ချင်တာထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျှော့တယ်။ အဝတ်အစားဝတ်ရတာလည်း အဆင်မပြေဘူး။ အဲဒီတော့ ဘယ်ပွဲမှလည်း မတက်ချင်ဘူးရှက်တယ်။ ဝလာတော့ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ လူက မောနေတယ်။ အဲဒါကို မကြိုက်တဲ့အတွက် အဓိက က ဝိတ်ချတာပေါ့နော်။ လှချင်တာကလည်း တစ်ကြောင်းပေါ့’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ပေါင် ၁၈၀ ကနေ ပေါင် ၁၃၅ အထိ ဝိတ်ချနိုင်ခဲ့တဲ့ အကြောင်းကိုလည်း ချောရတနာက ပြန်လည် မျှဝေခဲ့ပြန်ပါသေးတယ်။

‘’ သမီးလေး ကိုယ်ဝန်တုန်းက ပေါင် ၁၈၀၊ မွေးပြီးသွားတဲ့အချိန်မှာ ပေါင်ကျသွားလောက်ပြီထင်တာ ပြန်ချိန်လိုက်တော့ ၁၇၈ ပေါင်တဲ့။ ၂ ပေါင်လောက်ပဲကျသွားတော့ အရမ်းလန့်သွားတယ်။ ဒါပေမယ့် ကလေးက ငယ်သေးတော့ ဝိတ်ချလို့ကလည်း မရသေးဘူး။ ဒါပေမယ့် ၆ လကျော်လောက်မှာ အစားအသောက်တွေ ဆင်ခြင်ရင်းနဲ့ တစ်နှစ်ကျော်လောက်မှ ဝိတ်ချဖြစ်တာပါ။ အခုက ပေါင်၁၃၅ ဖြစ်သွားပြီ’’ ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့ က ပြေတီဦးဖောင်ဒေးရှင်း ၁၀ နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ချောရတနာက လက်ရှိ ခန္ဓာကိုယ် ကိုလည်း ယုံကြည်မှုရှိလာပြီလို့ဆိုပါတယ်။ Gym ဆော့ရတဲ့ အကျိုးတွေက အရမ်းကောင်းတယ်လို့ ပြောပါတယ်။

‘’ အခုနောက်ပိုင်း Gym ဆော့တဲ့ အမျိုးသမီးတွေလည်း များလာတယ်။ အမှန်တကယ်တော့ ကျန်းမာရေးအတွက်လည်းကောင်းတယ်။ ကိုယ်ကိုယ်တိုင်လည်း အဝတ်အစားဝတ်ရတာ အဆင်ပြေလာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ ဘာပဲပြောပြော ယောကျ်ားတွေပဲဖြစ်ဖြစ်၊ မိန်းမတွေပဲဖြစ်ဖြစ် ကိုယ့်မိန်းမ လှနေတာပဲ မြင်ချင်မှာပေါ့။ အဲ့ဒါကြောင့်လည်း ကိုယ်ကိုယ်တိုင်လည်း ယုံကြည်မှုရှိလာတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Chaw Yandanar

ချောရတနာဟာ လက်ရှိမှာ သားနဲ့သမီးလေးကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာ တွေ့ရပါတယ်။ ဒုတိယသမီးလေးကို ၂၀၁၈ ခုနှစ် မေလ(၁၂) ရက်နေ့က ဝိတိုရီယဆေးရုံမှာ မွေးခဲ့တာဖြစ်ပါတယ်။ သမီးလေးကိုယ်ဝန်စရှိကတည်းက အကျႌကြော်ငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးတဲ့ အခါမှာလည်း ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ 




ဆက်စပ်အကြောင်းအရာများ


က္က