နောက်ထပ် အလှူရှင်တွေလည်း အများကြီးလိုအပ်နေပါသေးတယ်။
Sabal Thwin

နှလုံးရောဂါဝေဒနာအတွက် အရေးပေါ်ခွဲစိတ်ဖို့လိုအပ်နေတဲ့ နဝမတန်းကျောင်းသားလေး မောင်ဟိန်းထက်ထက်အတွက် ထက်ထက်မိုးဦးက အလှူငွေ လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ ဒီကလေးအတွက် အလှူရှင်တွေ ထပ်မံလိုအပ်နေသေးတယ်လို့လည်း ထက်ထက်မိုးဦးက လှုံ့ဆော်ပြောပြထားပါသေးတယ်။

Photo: Htet Htet moe Oo

ရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးကတော့ နှလုံးရောဂါဝေဒနာ ခံစားနေရတဲ့ မောင်ဟိန်းထက်ထက် အတွက် အလှူငွေကျပ် ၇ သိန်းလှူခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို လှူဒါန်းရတဲ့ ခံစားချက်ကိုလည်း အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

’ ဒီနေ့ ပင်လုံဆေးရုံမှာနှလုံးခွဲစိတ်ရန် မောင်ဟိန်းထက်ထက် ကို ၇ရက်သားသမီး များအားရည်စူးပြီးတော့ အလှူငွေ- ၇၀၀၀၀၀ကျပ်ကို ထက်ထက်လှူဒါန်းခဲ့ပါတယ်။ ကာယံကံရှင် ကိုယ်တိုင်ကို ဖုန်းနှင့်တိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ မောင်ဟိန်းထက်ထက်(09774386745)’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၄ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Htet Htet moe Oo

နှလုံးရောဂါ ဝေဒနာကို ခံစားနေရသူ မောင်ဟိန်းထက်ထက်ဟာ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်၊ တကောကျေးရွာမှာနေထိုင်တာဖြစ်ပါတယ်။ သူဟာ နဝမတန်းကျောင်းသားတစ်ယောက်ပါ။ ကျန်းမာရေးအခြေအနေအရ နှလုံးအစို့ရှင် မလုံမှုတို့ကြောင့် အရေးပေါ် ခွဲစိတ်ကုသရမယ့် အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ ဒီခွဲစိတ်မှု ကုန်ကျစာရိတ်အနေနဲ့ သိန်း ၃၀ ခန့် ကုန်ကျမယ်လို့လည်း သိရပါတယ်။ ဆင်းရဲတဲ့ မိသားစုတွေဖြစ်တာကြောင့်လည်း ဒီကုန်ကျစာရိတ်အတွက် အရမ်းကို အခက်အခဲဖြစ်နေတာကြောင့် အလှူရှင်တွေ လိုအပ်နေတယ်ဆိုတာကိုလည်း သရုပ်ဆောင်ထက်ထက်မိုးဦးက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတာ တွေ့ရပါတယ်။

Photo: Beauty Stars Of Myanmar

ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

Photo: Htet Htet moe Oo

သူမကတော့ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က