သူမအတွက် တကယ့်ကို ပထမဆုံးအကြိမ်ပါပဲတဲ့။
Ei Ei Myat

ဒီနှစ်မွေးနေ့ကတော့ သူမအလိုချင်ဆုံး မေတ္တာတရားတွေကို ရခဲ့လိုက်တဲ့ နှစ်တစ်နှစ်ပါလို့ ဆိုပါတယ်။

Photo : မင်းသက်စံ

မွေးနေ့တိုင်းမှာ မွေးနေ့ surprise မရခဲ့ဖူးတဲ့ မိုးဟေကိုအဖို့ ဒီနှစ်မွေးနေ့မှာတော့ ပထမဆုံး မွေး‌နေ့ surprise ကို ရခဲ့ဖူးပြီလို့ ဆိုပါတယ်။

“မိုးဘဝမှာ ပထမဆုံး မွေးနေ့ surprise ရခဲ့ဖူးတာ။ ကိုမင်းသက်စံဆီမှာ ပွဲအတွက် အင်္ကျီသွားကြည့်ရင်းနဲ့ အင်္ကျီလည်းဝတ်ပြီးရော မီးတွေ ပိတ်ပြီး ကိတ်မုန့်နဲ့ surprise လုပ်တာ အရမ်းကို အံ့သြသွားတာ ဟယ်တကယ်ကြီးတော့ ဆိုပြီး ဖြစ်သွားခဲ့တာ။အဲ့ဒါတွေအကုန်လုံးကို ကိုယ်က အပြင်မှာ သူများမွေးနေ့တွေမှာပဲ မြင်ဖူးတာ ။ဘဝမှာ ပထမဦးဆုံး တော့ အမှတ်တရတော့အရမ်းဖြစ်တယ်။ ဘယ်သူမှ ထင်မှာမဟုတ်ဘူး ပထမဆုံးဆိုတာ အဲ့ဒါကြောင့် အထင်တွေကြီးမနေကြပါနဲ့”လို့ သူမက ပြောပြခဲ့ပါတယ်။

Photo : မင်းသက်စံ

မိုးဟေကိုကတော့ ဒီနှစ်မွေးနေ့မှာ သူမအလိုချင်ဆုံးမေတ္တာတရားတွေ ရခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။ မိုးဟေကိုဟာ မိခင်ဖြစ်သူ အိပ်ရာထဲ လဲနေချိန်မှာလည်း အလုပ်တွေ အားလုံးနားပြီး မိခင်ဖြစ်သူကို သေချာပြုစုစောင့်ရှောက်ပေးခဲ့တာလည်း တွေ့ရပါတယ်။ဒါပေမယ့်လည်း သူမရဲ့ အခက်အခဲတွေကို ပရိသတ်တွေကို ထုတ်မပြောပြခဲ့ပါဘူး။

“မိုးအမေ အိပ်ရာထဲ လဲသွားတဲ့အချိန် ရှိခဲ့တယ်။အဲဒီအချိန်တုန်းကဆိုရင် မိုးဘာအလုပ်မှ မလုပ်တော့ဘဲနဲ့ အမေ့ကို ပြုစုခဲ့တာပေ့ါနော် အရင်တုန်းကတော့ မပြောပြဖြစ်ခဲ့ဘူး ကိုယ်ဖြစ်တာ ကိုယ်ပဲ သိတာပေ့ါနော် မျက်ရည်ချူတယ်လိုလည်း ထင်မှာဆိုးလို့ မိုးမပြောခဲ့တာပါ”လို့ သူမက ဇွန်လ(၂၆)ရက်နေ့က မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Photo : မိုးဟေကို

မိုးဟေကို ဒီနှစ်မွေးနေ့မှာ  မွေးနေ့ရက်မတိုင်ခင် အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဇွန်လ (၂၃) ရက်နေ့တုန်းက Covid ကာလမှာ စားဝတ်နေရေး အခက်အခဲရင်ဆိုင်နေရတဲ့ အနုပညာလောကသားတွေအတွက် ရုပ်ရှင်အစည်းအရုံးကနေတဆင့် ငွေကျပ် (၁၀) သိန်းလှူဒါန်းခဲ့သလို ကျန်းမာရေးမကောင်း၊ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေကိုလည်း ငွေကျပ် (၃) သိန်းစီ အိမ်တိုင်ရာရောက် လိုက်လံ လှူဒါန်းခဲ့ပါသေးတယ်။

မိုးဟေကိုက လက်ရှိမှာ မိသားစုကို အချိန်ပေးဖြစ်နေပြီး အနုပညာအလုပ်နဲ့ ပတ်သက်လို့ တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။

 


Author


က္က