အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။

ကျော်ကျော်ဟာ အချစ်ရေးနဲ့ ပတ်သက်လာရင် ကံစီမံရာ အတိုင်းပဲ နေထိုင်သွားမယ်လို့ ဆိုပါတယ်။

Photo: Kyaw Naing Oo



သရုပ်ဆောင် ကျော်ကျော်ကတော့ အချစ်ရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ခံယူချက်ကို Duwun ကနေ ပြောလာခဲ့ပါတယ်။ လက်ရှိမှာတော့ ကျော်ကျော်ဟာ အသက် (၃၅) နှစ်ရှိပြီလို့ ဆိုပါတယ်။ 

“ အစ်ကိုလည်း အသက် (၃၅) ဆိုတော့ မငယ်တော့ပါဘူး။ အရာရာ အားလုံးက ကံစီမံရာအတိုင်းပါပဲ။ ကိုယ်က အရမ်းလိုချင်နေပေမယ့်လည်း ရချင်မှ ရတာလေနော်။ ကိုယ့်ရဲ့ ဘဝနဲ့ ထပ်တူထပ်မျှ နားလည်ပေးနိုင်တဲ့ လူကို တွေ့ရင်တော့ ယူမှာပေါ့။ မတွေ့တော့လည်း မယူဘူးပေါ့လေ။ အခု Stay Home မှာလည်း တစ်ယောက်တည်းပါပဲ” ဆိုပြီးတော့ ဇွန်လ ၁၀ ရက်နေ့က ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Kyaw Naing Oo

ကျော်ကျော်ကတော့ သရုပ်ဆောင် ဆုမြတ်နိုးဦးနဲ့ ချစ်ကြိုက်နေကြသလား ဆိုတဲ့ အချစ်ရေး ကောလာဟလ သတင်းတွေလည်း ထွက်ခဲ့ဖူးပါတယ်။ ချစ်သူတွေ မဟုတ်ကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ငြင်းဆိုခဲ့ကြပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး လက်ရှိမှာ တစ်ယောက်တည်းပါပဲလို့ ကျော်ကျော်က ဆိုပါတယ်။ 

“ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို Surprise တိုက်မှာမဟုတ်ပါဘူး။အဓိကကတော့ မဖြစ်သေးတာပဲ ရှိတယ်။ အကုန်လုံးက ဖြစ်နိုင်တယ်ပေါ့နော်။ ဘာမဆိုလည်း ဖြစ်သွားနိုင်ပါတယ်။ အစ်ကို့လို တစ်ယောက်တည်းနေကြတဲ့ သူတွေလည်း အများကြီးပါပဲ” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Yuri

ကျော်ကျော်ကိုတော့ ဗီဒီယိုဇာတ်ကား၊ တီဗီကြော်ငြာ နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျော်ကျော်၊ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့ သုံးယောက်ပေါင်းပြီး ‘’ပရမ်းပတာ Bff’’ ဆိုပြီးတော့ Facebook Page လေးထောင်ပြီး သူတို့ သုံးယောက်ရဲ့ လှုပ်ရှားမှုတွေတိုင်းကို ပရိသတ်တွေဆီ ဝေမျှလေ့ရှိနေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က