သူတို့အတွက် မိဘတစ်ယောက်လို ဖြစ်ချင်တယ်။

ထက်ထက်ထွန်းကတော့ ကိုယ်ပိုင်လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ဝန်ထမ်းတွေကိုတော့ သူ့ဘဝအတွက် ကံတရားနဲ့ သက်ဆိုင်တဲ့ မိသားစုတစ်စုလို သတ်မှတ်ထားတယ်လို့ ပြောပါတယ်။

Photo: ACT



သရုပ်ဆောင် ထက်ထက်ထွန်းကတော့ အခုချိန်မှာ အနုပညာအလုပ်တွေလည်းလုပ်နေသလို ကိုယ်ပိုင်စီးပွားရေးကိုလည်း ဆောင်ရွက်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ဝန်ထမ်းတွေအပေါ်ထားတဲ့ သဘောထားကို Duwun Media ကနေ ပြောပြခဲ့ပြန်ပါသေးတယ်။

“ထက် ကတော့ ဝန်ထမ်းတွေအပေါ် မိဘလိုမျိုးဖြစ်တဲ့ အလုပ်ရှင်တစ်ယောက်ဖြစ်ချင်ပါတယ်။ ကောင်းခြင်း၊ ဆိုးခြင်းတွေကို တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေတဲ့ ပုံစံမျိုး၊ မိသားစုနဲ့ခွဲပြီးတော့ အလုပ်လာလုပ်နေကြတာဖြစ်တဲ့အတွက် အလုပ်ကို မိသားစုစိတ်လေးထားပြီး အလုပ်လုပ်ဖို့ အမြဲပြောပါတယ်။ ကိုယ့်မိသားစုနဲ့တောင် ၂၄ နာရီပြည့်အောင်မနေရဘူး၊ ဝန်ထမ်းတွေနဲ့ အနီးကပ်ဆုံးနေရတဲ့အတွက် ဒါတွေက ထက် ဘဝမှာ ကံပါလာတဲ့ မိသားစု လိုသတ်မှတ်ပြီးတော့ မိဘနဲ့ သားသမီးတစ်ယောက်လို နေပါတယ်” လို့ သူကပြောပါတယ်။

Photo: ACT

ထက်ထက်ထွန်းဟာ ဝန်ထမ်းတွေကို မိသားစုအရင်းလို သတ်မှတ်ထားသူဖြစ်ပါတယ်။ သူမ အနေနဲ့ စီးပွားရေးအလုပ်တွေသာမက ဘာသာရေးအလုပ်တွေလည်း မလစ်ဟင်းရအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“ ထက်ရဲ့ စီးပွားရေးကိုတော့ ရှေ့ဆက်ပြီး ရပ်တန့်လို့မရအောင် ဆက်လုပ်နေရဦးမှာပါပဲ။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်အနောက်မှာ ကိုယ့်ကို မှီခို အားထားနေတဲ့လူတွေက အရမ်းများလာတော့ အရမ်း ပင်ပန်းလာရင်တောင်မှ ရပ်တန့်လို့ မရဘူး။ တကယ် တန်ဖိုးရှိတဲ့ ဘဝတစ်ခုဖြစ်ဖို့ကတော့ စီးပွားရေးပဲလုပ်လုပ်၊ လူမှုရေးပဲ လုပ်လုပ် ဘာသာရေးနဲ့ကလည်း ကွဲလို့ မဖြစ်ဘူးပေါ့နော်။ ကိုယ့်အနောက်ပါမယ့် ဘာသာရေးအလုပ်ကိုလုပ်ရင်း စီးပွားရေးကလည်း ပါရမီဖြည့်တဲ့အနေနဲ့ ပါဖို့တော့ ထက် ကြိုးစားသွားမှာပါ” လို့ ဆိုပါတယ်။

Photo: Nine Audio & lighting

အနုပညာအလုပ်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ အလှမယ်တွေထဲမှာ ထက်ထက်ထွန်းလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့်လည်း အကောင်းဆုံး ကြိုးစားသွားမယ်လို့ သူကပြောပါတယ်။

“ ထက်ထက်ထွန်းဆိုတာက အနုပညာမှာလည်းတစ်ဝက်၊ စီးပွားရေးမှာလည်း တစ်ဝက်ပေါ့နော်။ ဒါကလည်း ကိုယ်လုပ်ချင်တဲ့ အနုပညာအလုပ်တွေကို ကောင်းကောင်းမွန်မွန်လုပ်နိုင်ဖို့အတွက် စီးပွားရေးလုပ် နေတာဆိုတော့ အနုပညာအလုပ်ဘက်မှာ ပေါ့လျော့တာလည်းရှိခဲ့ရင် နားလည်ပေးကြပါ။ ဘယ်လမ်းကြောင်း ပေါ်မှာဖြစ်ဖြစ် အကောင်းဆုံးရပ်တည်နေတာ ဖြစ်တဲ့အတွက် အားပေးပါ” ဆိုပြီးတော့ နိုဝင်ဘာလ ၂၃ ရက်နေ့က MK Fashion ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: A Linn Young

ထက်ထက်ထွန်းကတော့ NINE Audio & Lighting Myanmar လုပ်ငန်းရဲ့ CEO တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေး အလုပ်မှာလည်း အောင်မြင်မှုတွေ ရရှိနေသူပါ။ ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ် တစ်ဦးဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးတွင် National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်နိုင်ခဲ့သူတစ်ဦး လည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမကို သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ မြင်တွေ့နေရပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က