သူတို့ရဲ့ အိမ်ထောင်သက်တမ်းက လပိုင်းလေးပဲရှိပါသေးတယ်။
Sabal Thwin

ရွှေမှုံရတီ က သူမရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မီဒီယာတွေကနေတဆင့် ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ကို ချီးကျူးစကားဆိုခဲ့တဲ့ အန်တီချိုပြုံးကိုလည်း ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

Photo: Shwe Mhone Yati

ရွှေမှုံရတီက သူမရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေသူ တချို့ကို အခုလို ပြောပြခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူကြဘူးလို့လည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် အခုလို ပြောပြခဲ့ပါတယ်။

‘’အဲဒါကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ အိမ်ထောင်ရေး တစ်ခုနဲ့တစ်ခု မတူကြဘူး။ ဒါကတော့ လူတိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ကိုယ်ပိုင် တွေးပိုင်ခွင့်ရှိတယ်။ သူတို့ အမြင်မှာ မသင့်တော်ဘူး။ တခြားလူအမြင်မှာတော့ သင့်တော်ရင် သင့်တော်မယ် ဆိုတဲ့အတွက် ဝေဖန်မှုတွေက ကွဲပြားနိုင်တယ်’’ လို့ သူကဆိုပါတယ်။

Photo: Shwe Mhone Yati

ရွှေဇနီးမောင်နှံ နှစ်ဦးရဲ့ အိမ်ထောင်ရေးကိုလည်း အကယ်ဒမီများရှင် ဝါရင့်သရုပ်ဆောင်ကြီး ချိုပြုံးက မီဒီယာ အင်တာဗျူးတွေမှာ ချီးကျူးပြောဆိုထားတာ ရှိပါတယ်။ ဒီအပေါ်မှာလည်း ရွှေမှုံက ကျေးဇူးတင်စကားပြောလာခဲ့ပါတယ်။

‘’ ပြောချင်တာကတော့ အန်တီချိုပြုံးကို ကျေးဇူးတင်ပါတယ်။ သမီးတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အားပေးစကားပြောတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျန်တာကတော့ ထွေထွေထူးထူးပြောစရာ မရှိပါဘူး။ အဓိက ကတော့ လူကြီးတွေ မျက်စိမနောက်ဘူးဆိုရင်ပဲ ကျေနပ်ပါပြီ’’ လို့ ဆိုပါတယ်။

Photo: Shwe Mhone Yati

ရွှေမှုံရတီက သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ရွှေထူးက အဆိုတော်၊ သရုပ်ဆောင် တစ်ယောက်ပါ။ နှစ်ယောက်စလုံးက အနုပညာရှင်တွေ ဖြစ်တာကြောင့်လည်း တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးနိုင်ဖို့ ကြိုးစားရတယ်လို့ သူကပြောပါတယ်။

‘’နည်းနည်းတော့ အချိန်ယူရတာပေါ့နော်။ အတူတူရှိဖို့များအောင်လို့ ဦးစားပေးတယ်။ ခွဲနေရင် နှစ်ယောက်က သိပ်အဆင်မပြေဘူး။ အလုပ်နဲ့ပတ်သက်ပြီးတော့ သူ့အလုပ် ကိုယ့်အလုပ် နည်းနည်းချိန်တယ်။ သူ ရှုတင်ရှိတဲ့လ ဆိုရင် သဲ လက်မခံဖြစ်တော့ဘူး။ ကလေး ယူဖို့ကတော့ နောက် ၈ နှစ်လောက် လိုပါသေးတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၈ ရက်နေ့က ဟွာဝေး ဖုန်းကြော်ငြာ ရိုက်ကွင်းပေါ်မှာ ဖြေဆိုခဲ့တာပါ။


Photo: Shwe Mhone Yati

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုံရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က