အမိုက်စား သီချင်းတွေ တွေ့ရတော့မယ်ထင်တယ်။

'တိမ်တွေနေတဲ့အရပ်' ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးနောက်ပိုင်း (၈)နှစ်အကြာမှာ ချစ်သုဝေဟာ ဒုတိယအခွေကို ပရိသတ်တွေ လက်ထဲ အရောက်ပို့ပေးတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ မကြာခင်မှာ ချစ်သုဝေရဲ့ သီချင်းအမိုက်စားလေးတွေ နားဆင်ရတော့မှာပါ။

Photo : ချစ်သုဝေ FB



ဂီတပိုင်းမှာ ယခုချိန်ထိ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ ချစ်သုဝေက မကြာခင်မှာ သူမရဲ့ တစ်ကိုယ်တော်အခွေကို ပရိသတ်တွေလက်ထဲ အရောက်ပို့ပေးတော့မှာ ဖြစ်ပါတယ်။ Promise လို့ နာမည်ပေးထားတဲ့ ချစ်သုဝေရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေကို ဖေဖော်ဝါရီ(၁၄) ရက်နေ့ ချစ်သူများနေ့မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်

Photo : ချစ်သုဝေ FB

Promise ဆိုတဲ့ အခွေထဲမှာ ပရိသတ်တွေ အတွက် ရသမျိုးစုံ ခံစားနိုင်အောင်လို့ ကြိုးစားထားတယ်လို့သူမက ဆိုပါတယ်။

ချစ်သူလေးတွေနဲ့လည်နေမယ့်သူတွေကို..Save the date လို့ မတောင်းဆိုရက်ပါဘူးကွာ.. ဒီတော့ "Save just 45 minutes" on valentine အသည်းကောင်းနေသူတွေရော,, အသည်းကွဲနေသူတွေရော ကွဲမလို မကွဲမလို အက်တက်တက်ဖြစ်နေသူတွေရော treza လို ကလေး ၂ဖက် နဲ့ မွန်းကျပ်နေကြတဲ့ မေမေ ဖေဖေတွေရော ခွေထဲက သီချင်းလေးတွေနဲ့ မျောလွင့်နိုင်ဖို့ မျှော်လင့်ပါတယ်နော်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၆) ရက်နေ့က ရေးသားထာတာတွေ့ရပါတယ်။

Photo : ချစ်သုဝေ FB

ချစ်သုဝေဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ ထွက်ရှိပြီး (၈)နှစ်အကြာမှ ပြန်လည်ထွက်လာတဲ့ ဒုတိယတစ်ကိုယ်တော်အခွေအတွက် အရမ်းကို ရင်ခုန်နေတယ်လို့ ဆိုပါတယ်။

“ဒီအခွေလေးကို မမ အကောင်းဆုံးဖြစ်အောင် သေသေချာချာလေးနဲ့ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် လုပ်ထားတယ်။ဒီအခွေးလေးမှာ အရှေ့ခွေနဲ့ Music စတိုင်လ်လေးတွေတော့ ကွာမှာမဟုတ်ဘူး။ ဒါပေမဲ့ မမရဲ့ ဆိုဟန်ဆိုပေါက်လေးတွေ ပြောင်းလာတာတော့ရှိမယ်။ မမ(၈)နှစ်အတွင်းမှာ ပြင်ဆင်ထားတဲ့ သီချင်းလေးတွေထဲက အကောင်းဆုံးဖြစ်မယ်ထင်တဲ့ သီချင်းလေးတွေထည့်ပြီး ဖန်တီးထားတာဖြစ်ဖို့ မမအရမ်းလည်း မျှော်လင့်ထားတယ်။ ပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်” လို့ Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

Photo : ချစ်သုဝေ FB

ချစ်သုဝေရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေမှာ သီချင်း(၁၀)ပုဒ်ပါဝင်မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းလောက်ကလည်း အွန်လိုင်းနေတဆင့် “ဘေးနားရှိရင်” ဆိုတဲ့ သီချင်းလေးကို ဖြန့်ပေးခဲ့ပြီး အဲ့ဒီသီချင်းဟာလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

ချစ်သုဝေဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က