နားလည်မှုတွေနဲ့ တည်ဆောက်ခဲ့ပါပြီ။
Sabal Thwin

ဟာသလူရွှင်တော် အဖွဲ့ဖြစ်တဲ့ 5 Stars အဖွဲ့ကတော့ အခုဆိုရင် ၁၂ နှစ်ကြာမြင့်ခဲ့ပြီလို့ ကြာစိက ပြောပါတယ်။ ပရိသတ်တွေနဲ့လည်း နားလည်မှုအပြည့်ရှိခဲ့ကြတယ်လို့လည်းသူကဆိုပါတယ်။

Photo: 5 Stars

ပရိသတ်တွေကို သုတ၊ ရသ၊ ဟာသ စုံလင်စွာနဲ့ ဖျော်ဖြေတင်ဆက်ပေးလေ့ရှိတဲ့ 5 Stars အဖွဲ့ကတော့ အခုဆိုရင် ၁၂ နှစ်ကျော်ကာလ ဖြစ်ခဲ့ပါပြီ။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ကောင်းမွန်တဲ့ အချက်လေးတွေကိုသာကြည့်ပြီး လက်တွဲလာခဲ့ကြတယ်လို့ ကြာစိက Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ကျွန်တော်တို့ 5 Stars အဖွဲ့ဟာ လိမ်ဖယ်၊ လိမ်ဖယ်နဲ့ပဲ အခုဆိုရင် ၁၂ နှစ်ကျော်လာပါပြီခင်ဗျာ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ သည်းခံမှု ကောင်းတာလေးတွေနဲ့ပဲ တွဲလာတဲ့အတွက် ဒီလောက်အထိ ကြာရှည်ခိုင်မြဲလာခဲ့တာပါ။ ဒါကြောင့်မို့လို့ နောက်တက်လာမယ့် အဖွဲ့တွေလည်း အပစ်တွေမပြောပဲ ချစ်စရာလေးတွေနဲ့ တွဲပါ။ မကောင်းတာတွေပဲပြောနေရင်တော့ အဖွဲ့က ကွဲမှာပါ။ ကျွန်တော်တို့ အဖွဲ့ကလည်း ကောင်းတာလေးတွေနဲ့ပဲ တွဲပြီးတော့ ပရိသတ်ကို ဖျော်ဖြေခဲ့တာပါ’’ လို့ ဆိုပါတယ်။

Photo: 5 Stars

အဲဒီနောက် ပရိသတ်တွေအတွက် ကောင်းမွန်တဲ့အချိန်လေးတွေ၊ အကျင့်ကောင်းလေးတွေကိုသာ ပေးချင်တယ်လို့ ကြာစိက ပြောပါတယ်။

‘’ နားလည်မှုတွေမှာတော့ တစ်ယောက်နဲ့တစ်ယောက် အကျင့်ကောင်းလေးတွေ ယူတယ်။ အလုပ်နဲ့ ပေါင်းတယ်။ တစ်ယောက်မကောင်းကြောင်း တစ်ယောက်ပြောရင် မသိချင်ယောင်ပဲဆောင်လိုက်တယ်။ ဒီအလုပ်မှာ သူမကောင်းရင် ငါတော့ ကောင်းအောင်လုပ်မယ် ဆိုပြီးတော့ နားလည်မှုပေးလိုက်တဲ့အခါကျတော့ ရန်ဖြစ်ရင်၊ စိတ်ဆိုးရင်တောင် စင်အောက်မှာပဲဖြစ်မယ်။ စင်ပေါ်မှာ မဖြစ်စေရဘူး’’ ဆိုပြီးတော့ သြဂုတ်လ ၁၁ ရက်နေ့က သက်ကြီး လူရွှင်တော်များအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: 5 Stars

5 Stars အဖွဲ့ ၁၂ နှစ်ကာလ တည်မြဲခဲ့တာကတော့ ပရိသတ်တွေရဲ့ ကျေးဇူး မကင်းဘူးလို့ ကြာစိက ပြောပါတယ်။ ပရိသတ်တွေနဲ့ကလည်း နားလည်မှုအပြည့်အဝ ထားခဲ့ကြတယ်လို့ဆိုပါတယ်။

‘’ အနုပညာရှင်တွေရဲ့ ကျေးဇူးရှင်တွေကတော့ ပရိသတ်ပါပဲခင်ဗျာ။ ဒါကြောင့် ပရိသတ်ရဲ့ အလိုကိုလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်က မှားလည်း ကျွန်တော်တို့က သည်းခံ၊ ကျွန်တော်တို့မှားလည်း ပရိသတ်က သည်းခံ ထမင်းရှင်၊ ဟင်းရှင်တွေကတော့ ပရိသတ်ပါပဲခင်ဗျ။ ပရိသတ်ရှိမှာ ကျွန်တော်တို့အလုပ်က ဖြစ်ပေါ်လာတာပါ။ အနုပညာရှင်တွေ ဘယ်လောက်ပဲကောင်းနေပါစေ အားပေးမယ့် ပရိသတ်မရှိရင် ဒီအနုပညာတွေကို ချပြလို့ရမှာ မဟုတ်ပါဘူးခင်ဗျ’’ လို့ သူကပြောပါတယ်။

Photo: 5 Stars

5 Stars အဖွဲ့မှာတော့ အောင်သော်၊ အောင်မော်၊ ကျင်ဝှက်၊ ကြာစိနဲ့ အောင်မော် စတဲ့ လူရွှင်တော် ၅ ယောက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ သူတို့ဟာ အငြိမ့်အဖွဲ့သာမက ဟာသသရုပ်ဆောင်တွေအနေနဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ အဖွဲ့ဝင်ဖြစ်တဲ့ ကြာစိကတော့ လက်ရှိမှာ ချစ်ဇနီးချောလေးနဲ့အတူ သမီးလေး တစ်ယောက်ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။


က္က