Ei Ei Myat

ဖွေးဖွေးကတော့ မွေးနေ့မှာ အလှူအတန်းတွေ လုပ်ရလို့ ပျော်လို့နေပါတယ်။ သူမရဲ့ ပရိသတ်တွေနဲ့အတူ တစ်နေကုန် အလှူတွေ ပြုလုပ်နေတာပါ။

 

Photo : အာကာ

ဒီနေ့(သြဂုတ်လ၉ရက်)က ဖွေးဖွေးရဲ့ အသက်(၃၁)နှစ်ပြည့်မွေးနေ့လေးပါ။ ဖွေးဖွေးက မွေးနေ့လေးမှာ ပရိသတ်တွေနဲ့အတူ အလှူအတန်းတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ ဖွေးဖွေး က နေ့လယ်(၁၁)နာရီကျော်လောက်က မိသားစု၊ Fan တွေနဲ့အတူ ဗိုလ်တစ်ထောင် ဆိပ်ကမ်းမှာ သီးစုံဟင်းနဲ့ စတုဒီသာအလှူတွေ ပြုလုပ်ခဲ့ပါတယ်။အဲဒီနောက် မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်ပြီး အလှူငွေ(၁၁)သိန်း လှူဒါန်းခဲ့သလို ရုပ်ရှင်အစည်းအရုံးမှာလည်း စက်မှုအဖွဲ့သားတွေအတွက် သိန်း(၂၀)လှူဒါန်းခဲ့တယ်လို့ ဖွေးဖွေးက ဆိုပါတယ်။

Photo : အာကာ

သူ့ရဲ့ မွေးနေ့လေးမှာ မိဘနှစ်ပါးကိုလည်း အမှတ်တရဖြစ်အောင် ကန်တော့ဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးတော့လည်း ဖြတ်သန်းလာတဲ့မွေးနေ့တွေထဲမှာ အမှတ်ရဆုံးမွေးနေ့ပွဲအြေ ကာင်းလေးလည်း ပြောပြထားပါတယ်။

“ဒီနှစ်မွေးနေ့မှာ အသက်၃၁နှစ်ပြည့်တာဆိုတော့ ဖေဖေနဲ့မေမေကို ၃၁သိန်းစီ ကန်တော့ဖို့ စဉ်းစားထားတယ်။ မကန်တော့ရသေးဘူး။ညကျရင် ကန်တော့မယ်ပေ့ါ။ မနှစ်က မွေးနေ့လေးက ဖွေးအတွက် အမှတ်ရဆုံးပေါ့။ ထိပ်စီးစပြောင်းတဲ့နှစ်လေးဆိုတော့လေ။ ပြီးတော့ ဖွေးက မွေးနေ့ပွဲမလုပ်ဘူး။ အားလုံးကို ဖိတ်ပြီးရင် ဝန်မကျေမှာဆိုးတယ်။အဲ့ဒါကြောင့်ပွဲမလုပ်ဖြစ်တာပေါ့။ ဒါပေမယ့် အားလုံးက ချစ်ပြီးသတိရပေးတဲ့အတွက် အရမ်း ကျေးဇူူးတင်တယ်” လို့ ဆိုပါတယ်။

ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ေ ဆာင်တစ်ယော က်ဖြစ်နေသူပါ။ သူမကိုတော့တီဗီကြော်ငြာတွေကေ နတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။ဖွေဖွေးက ဗီဒီယိုဇာတ် ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ဖွေးဖွေး(Phway Phway)ဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။           


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က