ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်အတွက် ကျေနပ်တယ်။

မေပန်းချီကတော့ သူ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်အတွက် စိတ်ချမ်းသာအောင်နေထိုင်စားသောက်တယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း ဝတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် ဝဝဖြိုးဖြိုးရှိတဲ့ ပရိသတ်လေးတွေကိုလည်း အားပေးစကားပြောခဲ့ပါသေးတယ်။

Photo: May Panche

မေပန်းချီက ဝဝဖြိုးဖြိုးရှိလှတဲ့ ကောင်မလေးတွေ အတွက် အားပေးစကားပြောလာပါတယ်။ သူမကိုယ်တိုင်က လည်း ဝတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူပါလို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဝတာ ချစ်ဖို့ကောင်းတယ်။ ပန်းချီကိုယ်တိုင်ကလည်း ကိုယ်ဝနေလို့ပြောတာမဟုတ်ဘူး။ အရင်က အရမ်းပိန်တော့ အရမ်းဝချင်တယ် ပြည့်ပြည့်ဖြိုးဖြိုးလေးပေါ့နော်။ ဝတယ်ဆိုတာတော့ မကောင်းပါဘူး ဒါပေမယ့် ဝဝလေးနဲ့ လှတဲ့သူတွေလည်း အများကြီးပါ။ တချို့ကောင်လေးတွေဆို ဝတဲ့ ကောင်မလေးတွေကိုပဲ ချစ်တာပါ။ အားမငယ်ပါနဲ့လို့ပြောချင်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: May Panche

အဲဒီနောက် သူမဟာ ဝ တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာကြောင့် အစားလည်း စားသလို လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ဖြစ်ပါတယ်တဲ့ ။

‘’ ပိန်မလာပါဘူူး၊ Gym ဆော့တာကလည်း အရမ်းကြီး ပိန်ဖို့တော့ မဟုတ်ဘူး။ အဓိက က ပန်းချီတို့က နေ့တိုင်းစားတယ်၊ အဲဒီတော့ ကိုယ်လက်လှုပ်ရှားမှု မရှိမှာစိုးလို့ ဆော့တာ စားတယ်၊ ဆော့တယ်ဆိုရင် ၂ ပေါင်တက်မယ့်အစား ၁ ပေါင်ပဲ တက်မယ်ပေါ့နော်။ သူများတွေ ပြောပါတယ်။ Gym သာဆော့တယ် ပိန်မလာဘူး၊ နပန်းသတ်ရမယ့် ဆိုဒ်နဲ့ပေါ့။ တကယ်တော့ စားတာ အဝင်ကောင်းအောင် ကိုယ်လက်လှုပ်ရှားမှု အနေနဲ့ ဆော့တာပါ။ ပိန်ဖို့အလားအလာတော့ မရှိပါဘူး’’ လို့ ဆိုပါတယ်။

Photo: May Panche

မေပန်းချီက သူမပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကိုလည်း ကျေနပ်မှုရှိသလို ဒီအတွက်လည်း စိတ်ချမ်းသာတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ် ပိန်တာ ဝတာထက် ကျန်းမာရေး ကောင်းဖို့က အဓိက ဆိုတာကိုလည်း သူမက ပြောပြခဲ့ပါသေးတယ်။

‘’ လူဆိုတာကလေ တစ်ခါတလေကျရင် အရမ်းချမ်းသာပေမယ့် ကျန်းမာရေးမကောင်းလို့ မပျော်ရတဲ့သူတွေတောင် ရှိတယ်။ ဆင်းရဲပေမယ့် ကျန်းမာရေးကောင်းနေတဲ့သူတွေလည်း အများကြီးပါ။ ဒါကြောင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကြီးကို ကိုယ်ကျေနပ်ဖို့အရေးကြီးတယ်။ သူများက ကဲ့ရဲ့လိုက်တာကို ကိုယ်ခံစားရတာက နောက်မှ ကိုယ့်ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားရတာကအရင်။ ပန်းချီက မိဘကျေးဇူးဆပ်တာပေါ့နော် အမေချက်ကျွေးတဲ့ဟင်းတွေ အကုန်စားတယ်။ မကောင်းဘူးဆိုတာ မရှိဘူး’’ လို့ ဂျင်းကောင် ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: May Panche

မေပန်းချီဟာ အခုနောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းမှာသာမက ပွဲတွေ တော်တော်များများမှာ သီချင်းဆိုုဖြစ်နေတာလည်း တွေ့ရပါတယ်။ အဲ့ဒီ နောက် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း မကြာခဏ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေး ဖြစ်တဲ့ Kate Amazing Jean Shop ဆိုတဲ့ Fashion ဆိုင်လေးကိုပါ ဦးစီးလုပ်ကိုင်နေတယ်လို့ သိရပါတယ်။ သူ့ အနေနဲ့ သရုပ်ဆောင်အလုပ်သာမက ဂီတအပိုင်းကိုလည်း ခြေလှမ်း စတင်ချင်တာကြောင့် ကိုယ်ပိုင်သီချင်းလေးတွေ လုပ်ထားတယ်လို့ သိရပါတယ်။ ဒီသီချင်းလေးတွေကို ပရိသတ်တွေဆီတင်ဆက်နိုင်ဖို့ ကြိုးစားဦးမယ်လို့ အင်တာဗျူး တချို့မှာ ဖြေဆိုဖူးပါတယ်။ ယခု နောက်ပိုင်းမှာ အနုပညာပိုင်းသာမက ပရဟိတ အလုပ်လေး တွေကိုပါ အချိန်ရရင် ရသလို လုပ်ကိုင်လာတာလည်းတွေ့ရပါတယ်။



က္က