သူဝတ်တဲ့ ဖက်ရှင်လေးတွေကလည်း အလန်းနော်။

သူမဟာ ဖက်ရှင်နဲ့ ပတ်သက်ပြီး ကိုယ်ကိုတိုင် တီထွင်ပြီး ဝတ်စားတတ်သလို သူမအတွက် Comfortable လည်း ဖြစ်မယ် Stylish လည်း ဖြစ်မယ့် ဟာလေးတွေကိုလည်း ရွေးပြီး ဝတ်ဖြစ်တယ်လို့ ဆိုပါတယ်။ သူမဝတ်တဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပတ် သက်ပြီး မိခင်ပြောနေကျ စကားလေး တစ်ခွန်းကိုလည်း ယခုုလို ပြောပြခဲ့ပါသေးတယ်။



Photo : မေတိုးခိုင် FB

 

ပြည်သူ့အချစ်တော် သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေး ဖြစ်တဲ့ မေတိုးခိုင်ဟာ အခုဆိုရင် အနုပညာအလုပ်တွေ စလုပ်နေပြီဖြစ် ပါတယ်။ ငယ်ရွယ်ပြီး ချစ်ဖို့ကောင်းလှတဲ့ မေတိုးခိုင်ဟာ ဖက်ရှင်နဲ့ ပတ်သက်ရင်လည်း ငယ်ရွယ်သူပီပီ သူ့နေရာနဲ့သူ လိုက်ဖက်စွာ ဝတ်စားတတ်သူဆိုလည်း မမှားပါဘူး။

သူမဟာ ဖက်ရှင်နဲ့ ပတ်သက်ပြီး ကိုယ်ကိုတိုင် တီထွင်ပြီး ဝတ်စားတတ်သလို သူမအတွက် Comfortable လည်း ဖြစ်မယ် Stylist လည်း ဖြစ်မယ့် ဟာလေးတွေကိုလည်း ရွေးပြီး ဝတ်ဖြစ်တယ်လို့ ဆိုပါတယ်။

Photo : မေတိုးခိုင် FB

 

"ပွဲတစ်ပွဲ တက်မယ်ဆိုရင် တစ်ချို့ ပွဲတွေက သူ့ Theme နဲ့သူရှိတယ်။ အဲ့ကျရင်တော့ သူ့ Theme နဲ့ အလိုက်ဝတ်ဖြစ်တယ်။ ဒါပေမယ့် Theme မရှိတဲ့ ပွဲတွေဆိုရင်တော့ ကိုယ့်ဘာသာကိုယ် စဉ်းစား ပြီးတော့ Comfortable လည်း ဖြစ်မယ်။ Stylist လည်း ဖြစ်တယ့် ဟာလေး တွေကို ရွေးပြီး ဝတ်ဖြစ်တယ်" လို့ သူမက   သြဂုတ်လ(၁၇) ရက်နေ့က ပြုလုပ်တဲ့ left & Right Fashion ဆိုင်သစ်ဖွင့်ပွဲသို့ တက်ရောက်ရင်း Duwun Media မှာ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

Photo : မေတိုးခိုင် FB

 

တစ်ခါတလေမှာ သူမဝတ်တဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး တချို့သော သူများရဲ့ ဝေဖန်မှုတွေကို ခံရတာတွေလည်း ရှိခဲ့ပါတယ်။ သူမဝတ်တဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး မိခင်ပြောနေကျ စကားလေး တစ်ခွန်းကိုလည်း ယခုုလို ပြောပြခဲ့ပါသေးတယ်။

"မေမေက ပြောတယ်။တစ်ခါတလေ လူနားလည်အောင်ဝတ်လို့ အမြဲပြောပါတယ်။ ဒါပေမယ့် သူလည်း ပြောရင်း ပြောရင်းနဲ့ ပြောလို့မရ တော့ မပြောတော့ဘူးနောက်ပိုင်းကျတော့မေမေက ဖူးရဲ့ ဖက်ရှင်ကို သူလည်း နားလည်တယ်။ ကြိုက်တယ်။ အကုန်လုံးသိပြီး နားလည်ဖို့ အတွက်ကျတော့ ဖူးက နည်းနည်းလေး များနေတယ်လို့ ပြောတယ်။အဲ့ဒါကြောင့် မေမေက နားလည်အောင် ဝတ်ဆိုပြီး ပြောတာပါ။ ကိုယ်ကြိုက်တာပဲ ကိုယ်ဝတ်တာများတယ်။တစ်လေတလေ မစဉ်းစားချင်တော့ဘူးဆိုရင်မေမေတို့ တီဝဲတို့ကို အကူအညီတောင်းပြိးတော့ တီဝဲတို့ စီစဉ်လိုက်တော့ဆိုပြီး ပြောတယ်"ဆိုပြီး ဆက်လက်ပြောပြထားပါတယ်။

Photo : မေတိုးခိုင် FB

မေတိုးခိုင်ရဲ့ မွေးနေ့အလှူမှာ ကိုယ်တိုင်ပါဝင်ပေးခဲ့တဲ့ အိန္ဒြာကျော်ဇင် 

ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ မေတိုးခိုင်ဟာ နောက်ပိုင်းမှာ ဒီဇိုင်နာ လုပ်ဖို့ အစီအစဉ်ရှိသလို ကိုယ်ပိုင် Brand လေး တစ်ခုကို လုပ်ချင်တယ်လို့ ဆိုပါတယ်။အကယ်ဒမီ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေး မေတိုးခိုင်က ယောကျ်ာလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူလေးပါ။

သူ့ရဲ့ခပ်မိမိစတိုင်ကို သဘောကျတဲ့ မိန်းကလေးပရိသတ်တွေလည်း မနည်းလှပါဘူး။ အခုဆိုရင် သူမကို ဇာတ်ကားတွေ ရိုက်ကူးဖို့ ကမ်းလှမ်းထားတာတွေတောင်ရှိနေပါပြီဖြစ်သလို ဇာတ်ကားတွေလည်း ရိုက်ကူးနေရပါပြီ။

Photo : မေတိုးခိုင် FB

 

၂၀၁၈ခုနှစ် မေလအတွင်းမှာပဲ အသက်(၂၃)နှစ်ပြည့်သွားတဲ့ မေတိုးခိုင်လေးဟာ အဒေါ်နဲ့ ရုပ်ချင်းဆင်ပြီး နုနယ်တဲ့ ရုပ်ရည်ရှိပြီး စကားပြောရင်လည်း ပွင့်လင်းလှတာကြောင့် လူချစ်လူခင်များပါတယ်။  အနုပညာအလုပ်တွေ စလုပ်ဖြစ်နေတဲ့ သူမကအနုပညာပိုင်းနဲ့ ပတ်သက်လို့ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ဆီက ၁၀၀ရာခိုင်နှုန်း ထောက်ပံ့မှုတွေ ရတယ်လို့ အင်တာဗျူးတွေမှာ ဖြေဖူးပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က