လှပ်၍လွင့်သော ရုပ်ရှင်ကားကြီးထဲမှာ မြင်တွေ့ရမှာပါ။

မို့မို့မြင့်အောင်က ခင်ဝင့်ဝါရဲ့ သရုပ်ဆောင်မှုတွေအပေါ် အခုလိုချီးကျူးပြောဆိုလာပါတယ်။ သူတို့ နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုတွေကိုတော့ ‘’လှပ်၍လွင့်သော’’ရုပ်ရှင်ကားကြီးမှာ မြင်တွေ့ရမှာပါ။

Photo: ခင်ဝင့်ဝါ



အကယ်ဒမီများရှင်မို့မို့မြင့်အောင်ဟာ ဒါရိုက်တာဝိုင်း ရိုက်ကူးထားတဲ့ ‘’လှပ်၍လွင့်သော’’ ရုပ်ရှင်ကားကြီးထဲက ခင်ဝင့်ဝါရဲ့ သရုပ်ဆောင်မှုတွေအပေါ် အခုလိုပြောပြလာပါတယ်။ ခင်ဝင့်ဝါဟာ မကြည်ပြာဇာတ်ရုပ်နဲ့ မို့မို့မြင့်အောင်ရဲ့ ငယ်ဘဝကို သရုပ်ဆောင်ရတယ်လို့ မီဒီယာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’သူက လုပ်ပိုင်ခွင့်တွေ၊ အရှေ့မှာ ဇာတ်ဝင်ခန်းတွေအများကြီးရှိတယ်လေ။ ဝိုင်းကလည်း သေချာလေ့ကျင့်ပေးထားတယ်ဆိုတော့ သူ့အတွက်ကောင်းပါတယ်။ အသစ်တစ်ယောက်အနေနဲ့ လုပ်နိုင်တဲ့အပေါ်မှာလည်း ဖြစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မရိုက်ခင် ဝိုင်းက သေချာလေး လေ့ကျင့်ပေးထားတယ်၊ သူ့ကားလေးအတွက် ကာရိုက်တာအကုန်လုံးကို အကွက်စေ့ ဖြစ်စေချင်တာပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: ခင်ဝင့်ဝါ

ခင်ဝင့်ဝါကိုယ်တိုင်ကလည်း ‘’လှပ်၍လွင့်သော’’ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်းပေါ်မှာ မို့မို့မြင့်အောင်ဆီကနေ သရုပ်ဆောင်ပညာကို သင်ကြားခွင့်ရခဲ့တဲ့ အမှတ်တရတွေကို ဒီဇာတ်ကားကြီးရဲ့ အထူးပြပွဲမှာဖြေဆိုခဲ့တာပါ။

‘’ညီမအတွက် ပညာလည်းတော်တော်ရပါတယ်။ မေမွှေးပြောလိုက်တဲ့ ခြေလှမ်းတိုင်းမှာ အိုက်တင်ရှိတယ်ဆိုတာက ခြေထောက်ရဲ့ Body Movement တွေကအစ အိုက်တင်လုပ်ရမယ်ပေါ့နော်။ သရုပ်ဆောင်တစ်ယောက်က ဘယ်အရာမှ ပေါ့ပေါ့လေးမဟုတ်ဘူးဆိုတာကို တော်တော်လေး သင်ပေးသွားတယ်’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: ခင်ဝင့်ဝါ

လှပ်၍လွင့်သော ရုပ်ရှင်ကားကြီးကို မတ်လ ၂၂ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာဝိုင်း ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် ကျော်ရဲအောင်၊ မို့မို့မြင့်အောင်၊ ဖွေးဖွေးနဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Photo: လှပ်၍လွင့်သော

မို့မို့မြင့်အောင်ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က