စိတ်ဝင်စားနေကြပြီထင်ပါတယ်။

အိန္ဒြာကျော်ဇင်က စိတ်ကူးထဲမှာ အမြဲရှိတဲ့ အရာလေးတစ်ခုကို ဒီဇင်ဘာလ အတွင်းမှာ ချပြခွင့်ရတော့မယ်လို့ဆိုပါတယ်။ သူမက လက်ရှိမှာ အနုပညာအလုပ်တွေရော မိသားစုအလုပ်တွေကိုပါ မျှမျှတတ ဆောင်ရွက်နေသူဖြစ်ပါတယ်။



Photo: အိန္ဒြာကျော်ဇင်

 

ပရိသတ်အချစ်တော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က ဒီဇင်ဘာလ အတွင်းမှာပဲ သူ့စိတ်ကူးထဲမှာ အမြဲရှိတဲ့ အရာလေးတစ်ခုကို ချပြတော့ မယ်လို့ဆိုပါတယ်။ ဒီဇင်ဘာလ လေးကိုလည်း သူနှစ်သက်တဲ့အကြောင်းတွေ ပြောလာပါသေးတယ်။

'' ချစ်သောသူများအားလုံး Happy Sweet December ပါနော်။ ဒီ December ဆိုတဲ့လလေးကို ချစ်တယ်။ ရင်ခုန်တယ်။ အူဝဲ စိတ်ကူးထဲမှာ အမြဲလုပ်ချင်ခဲ့တဲ့ အရာလေးတစ်ခုကို ချစ်တဲ့သူအားလုံးအတွက် ကိုယ်ချစ်တဲ့ Sweet December မှာချပြခွင့်ရတော့မယ်။ မဝေးတော့တဲ့ အချိန်လေးတစ်ခုမှာ ...ဘာလဲဆိုတာကိုတော့ စောင့်ကြည့်ကြပါဦးနော်။ SOMETHING BIG IS COMING SOON!!!!!!'' ဆိုပြီးတော့ အိန္ဒြာ ကျော်ဇင်ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်ပေ့ချ်ကနေ ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၁၀နာရီခွဲက ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: အိန္ဒြာကျော်ဇင်

ချစ်ရတဲ့ခင်ပွန်းကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ အိန္ဒြာကျော်ဇင် 

အိန္ဒြာကျော်ဇင်ဟာ သားသမီးတွေကို စောင့်ရှောက်ရင်း သူမဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးလျက်ရှိတဲ့သူမဟာ ပြီးခဲ့သော လပိုင်းလောက်က "ဦးတိုးကြီးသား အလတ်ကောင်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးလို့ ပြီးသွားခဲ့တာ ဖြစ်ပါတယ်။

Photo: အိန္ဒြာကျော်ဇင်

 

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။ သူမဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ ဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ သူပါ။

Photo: အိန္ဒြာကျော်ဇင်

 

အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အိမ်ထောင် ၇ နှစ်ကျော် ၈ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ သူတို့မှာတော့ အသက် ၇ နှစ်အရွယ် ချစ်စရာကောင်းတဲ့ သမီးကြီး ပြေသုဒြာနဲ့ ချစ်စရာကောင်းတဲ့ သားငယ်လေး ပြေဓီရ တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က