ရှခဲ့မယ် ဆိုရင်တောင် နောင်တရမှာ မဟုတ်ဘူး။
Sabal Thwin

ရွှေအိမ်စည်ကတော့ သူမကိုယ်တိုင် ပုခုံးလေးမှီရင်း ဓာတ်ပုံရိုက်ထားတဲ့ ကောင်လေးနဲ့ ဆက်ဆံရေးအကြောင်းတွေ ပြောပြလာပါတယ်။ သူမကိုယ်တိုင်ကလည်း တော်တော် ပြောင်းလဲနေပြီလို့ ဆိုပါတယ်။ 

ရွှေအိမ်စည်ကတော့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာတင်လိုက်တဲ့ ကောင်လေး တစ်ယောက်နဲ့ ဓာတ်ပုံအကြောင်းကို ပြောပြလာပါတယ်။ သူမရဲ့ တစ်ယောက်တည်း ဘဝကိုလည်း အေးအေးချမ်းချမ်းလေး ဖြတ်သန်းနေတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အဲဒီ ဓာတ်ပုံကတော့ အခွီအနှောက်တင်ထားတာပါ။ အချစ်ရေးကိုလည်း ပျော်ပျော်ရွှင်ရွှင်လေးပဲ ဖြတ်သန်းချင်တယ်။ အာရုံမနောက်ချင်ဘူး။ ဒီအခြေအနေ တစ်ခုမှာဆိုရင် အိမ်စည်တော်တော်လေး ငြိမ်နေတယ်။ အရင်တုန်းကလောက် အပျော်အပါး မမက်တော့ဘူး အရမ်းကိုတည်ကြည်နေတယ်၊ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်သွားမှန်း မသိအောင်ကို မခန့်မှန်းတတ်တော့ဘူး” လို့ သူက ဆိုပါတယ်။ 

Photo: Shwe Eain Si

သူမနဲ့ တွဲရိုက်ထားတဲ့ ယောကျ်ားလေး ဓာတ်ပုံကို ယောကျ်ားစစ်၊ မစစ် သေသေချာချာလေး ကြည့်ပေးဖို့ ရွှေအိမ်စည်က ပြောလာပါတယ်။ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်လာရင် ကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက် နောင်တ မရတတ်ဘူးလို့ ဆိုပါတယ်။ 

“အဲဒီပုံက သေချာဖြဲကြည့်လိုက်လို့ရှိရင် Eyeshadow တွေ ပေါ်နေတယ်။ မျက်တောင်ရှည်လေး ဆက်ထားတာလည်း တွေ့ရတယ်။ တချို့တွေဆို အောက်မှာရေးထားကြတယ် ရှပြီလား မသိဘူးတို့ဆိုပြီးတော့ပေါ့။ တကယ်တော့ မရှပါဘူး။ ကိုယ်တိုင်ကလည်း တကယ်ရှခဲ့မယ့်သူဆိုရင် နောင်တရမယ့်လူထဲမှာ မပါဘူး။ ငါကျေနပ်လို့ ငါလုပ်ခဲ့တာပဲ ဆိုပြီးတော့ ပျော်နေမယ့် လူမျိုးပါ” လို့ ဆိုပါတယ်။ 

Photo: Shwe Eain Si

ရွှေအိမ်စည်ကတော့ ကိုယ်တွဲမယ့် ချစ်သူမျိုးဟာ ယောကျ်ားစစ်၊ မစစ် သေသေချာချာ မသိနိုင်ဘူးလို့ ပြောပါတယ်။ တွဲကြည့်မှ အကြောင်း သိမယ်လို့လည်း သဘောကျရယ်မောရင်း ပြောပြခဲ့ပါသေးတယ်။ 

“ ကိုယ့်ကိုယ်ကိုယ် မရှအောင် ဘယ်လို လုပ်ရမလဲဆိုတော့လည်း သေချာ မသိဘူးပေါ့နော်။ အဲဒီယောကျ်ားလေးကိုယ်တိုင်က ငါက အခြောက်ပါ၊ ငါက ယောကျ်ားလေး အစစ်ပါ၊ မခြောက်ပါဘူးပြောနေမှ ကိုယ်က သိမှာပဲလေ။ သူက လိမ်နေရင်ရော ကိုယ်က သိမှာလား။ ရှတယ် မရှဘူူးဆိုတာက တွဲကြည့်ပြီးမှ သိမှာပေါ့နော်။ တွဲနေရင်းနဲ့မှ ဒါ ရှတာပါလားဆိုပြီးတော့ ထွက်ပြေး မရှဘူးဆိုရင်တော့ ဆက်တွဲပေါ့” ဆိုပြီးတော့ ဇန်နဝါရီလ စိန်နန်းတော် STRRY STRRY Night ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Shwe Eain Si

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးမှာလည်း မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခြားသော အလှမယ်တွေကြားထဲမှာ မျက်နှာပွင့်လန်းခဲ့ပါတယ်။ သူမက အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရတာကိုတွေ့ရပါတယ်။ ရွှေအိမ်စည်က အခုဆိုရင်တော့ အနုပညာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဘက်ကို တစိုက်မတ်မတ် ဆောင်ရွက်လုပ်ကိုင်နေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က