အနုပညာအလုပ်တွေလည်း အတူတူတွဲလုပ်ဖြစ်နေပါတယ်။
Sabal Thwin

ပိုင်တံခွန်ဟာ သူနဲ့အတူ အနုပညာအလုပ်အတူတူတွဲလုပ်နေတဲ့ သရုပ်ဆောင် ယွန်းယွန်းကိုတော့ ညီမလေးအရင်းတစ်ယောက်လို ခင်တယ်လို့ ဆိုပါတယ်။ ယွန်းယွန်းကိုယ်တိုင်ကလည်း အသက်အရွယ် သိပ်မကွာတဲ့ အနုပညာရှင်တွေနဲ့ အလုပ်အတူတူလုပ်ချင်တယ်လို့ ပြောပါတယ်။

Photo: Phonn

ပိုင်တံခွန်က လက်ရှိမှာ ယွန်းယွန်းနဲ့အတူ အနုပညာအလုပ် တွဲလုပ်နေတာ တွေ့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း မောင်နှမတွေလို ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ သူကကျတော့ ကျွန်တော့်ထက် စီနီယာကျတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးသရုပ်ဆောင်လုပ်ကတည်းက ဒီအလုပ်လုပ်နေတာပေါ့နော်။ အဓိက ကတော့ ယွန်းရဲ့ အမေ ပေါ့နော်။ ကျွန်တော့်ရဲ့ အမေလိုပါပဲ။ ဖုန်းဆက်ပြီး သားရေ ညီမလေးကတော့ ဒီလိုလေး လုပ်မယ် သင့်တော်လား၊ မသင့်တော်လား အလုပ်နဲ့ ပတ်သက်ရင်တော့ အမြဲတိုင်ပင်ဖြစ်တယ်။ သူလည်း ဘာလုပ်လုပ် တိုင်ပင်ဖြစ်တယ်။ ကျွန်တော်လည်း အဲဒီလိုပဲ တိုင်ပင်ဖြစ်တယ်။ သူနဲ့က ညီမလေးအရင်းလိုပါပဲ။’’ T247 အချိုရည်မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Paing Takon

အဲဒီနောက် သရုပ်ဆောင် ယွန်းယွန်းကလည်း အနုပညာအလုပ်တွေလုပ်တဲ့အချိန်မှာ အသက် သိပ်မကွာတဲ့ လူငယ် အနုပညာရှင်တွေနဲ့သာ အလုပ်အတူတူလုပ်ကြည့်ချင်တယ်လို့ ဆိုပါတယ်။

‘’ အစ်ကိုနဲ့က ပွဲတတ်တို့၊ ကြော်ငြာ တို့ပဲ ဆုံဖူးတယ်။ ဇာတ်ကားရိုက်တာတွေတော့ မဆုံဖူးသေးဘူး။ ညီမ ငယ်ငယ်ကတည်းက သရုပ်ဆောင်ကြီးတွေနဲ့ ရိုက်ခဲ့တာဆိုတော့ အဆင်ပြေတယ်ပေါ့နော်။ အခုချိန်မှာတော့ ကိုယ်နဲ့ အရွယ် သိပ်မကွာတဲ့ သူတွေနဲ့ ရိုက်ချင်တယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Phonn

ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားပေါင်း (၃၀၀) ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား (၃၀)ကျော် ရိုက်ကူးခဲ့ရတဲ့ နာမည်ကြီး ကလေး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု) ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာအသက် ၁၉ နှစ် ပြည့်သွားတဲ့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေပါတယ်။

Photo: Paing Takon

ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာလည်း မိန်းကလေး ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ လူငယ်မင်းသား ဆိုရင်လည်း မမှားပါဘူး။ 


ဆက်စပ်အကြောင်းအရာများ


က္က