စက်တင်ဘာလ ၂၈ ရက်နေ့ ဆိုရင် ရုံတင်ပါပြီ။

ဓားငပြူး ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလ ၂၈ ရက်နေ့ ဆိုရင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဟာသဇာတ်ကားကိုမှ ကြိုက်နှစ်သက် တဲ့ ပရိသတ်တွေကလည်း ဒီဇာတ်ကားထဲမှာ ဘယ်အနုပညာရှင်တွေက ဘယ်ဇာတ်ကောင်နေရာကနေ ပါဝင် သရုပ်ဆောင်ထားသလဲ ဆိုတာကို Duwun Media ကနေ တဆင့်ပြောပြခဲ့ပါတယ်။



 

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဓားငပြူး ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင် ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်တဲ့အတွက် ပါဝင်သရုပ်ဆောင်ထားကြတဲ့ နေလင်း၊ ဇော်ဇော်အောင်၊ ခင်လှိုင်၊ ရွှေသမီး တို့ရဲ့ ဇာတ်ကောင် ကာရိုက်တာကိုလည်း မီဒီယာတွေကနေတဆင့် အခုလို ပြောပြခဲ့ကြပါတယ်။

'' ကျွန်တော်ကတော့ အုပ်ကြီးရဲ့ တပည့်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားလေးကလည်း ရိုက်ထားတာ ၂နှစ်ရှိပြီ ဇာတ် ကား ရဲ့ ပလော့ဂျ် လေးတွေကလည်း အရမ်းမိုက်တယ်။ ဓားငပြူးမှာကတော့ ခေတ်နောက်ကျသွားတဲ့ ဟာမျိုးလေးတွေတော့ မရှိဘူး'' ဆိုပြီးတော့ ဇော်ဇော်အောင်နဲ့ နေလင်းတို့က ပြောပြခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာ ခင်လှိုင်ကလည်း ကိုရီးယားမင်းသားရူး တစ်ယောက်အဖြစ်၊ ကိုရီးယားဖက်ရှင်တွေ နဲ့ သူကြီးတူမကို လက်ဆောင် တွေ ပေးပြီး လာဖွန်ကြောင် တတ်တဲ့ လေမိုးမှောင် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ အမှတ်တရတွေကိုလည်း Duwun Media ကနေ ဆက်လက်ပြောပြခဲ့ပါတယ်။

'' ရွာဆိုဒ်ဆိုပေမယ့် ဒီဇာတ်ကားမှာတော့ ကိုရီးယားမင်းသားရူး ပုံစံလေး ဝတ်ပေးပါ ဆိုတော့ ဒီဇာတ်ကားမှာ အဝတ်အစား တော်တော်လေး သုံးခဲ့ရတယ်။ အခါတိုုင်းဆို ရွာကားတွေမှာ ဖလန်အထည်လေးပဲ ဝတ်ဖြစ်တာများတယ်။ ဒီတစ်ခေါက်တော့ ကိုရီးယားမင်းသားပုံစံ ထူးထူးဆန်းဆန်းလေး သရုပ်ဆောင်ထားပါတယ်'' လို့ သူကဆိုပါတယ်။

Photo: ဓားငပြူး ဖေ့စ်ဘွတ်

 

ဓားငပြူးရုပ်ရှင်ဇာတ်ကားကြီးထဲမှာ တစ်ရွာလုံးမှာ အလှဆုံး မိန်းကလေးဖြစ်တဲ့ ဂျမ်းရတီ ဆိုတဲ့ ကာရိုက်တာကိုလည်း ရွှွေသမီးက ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကား ရိုက်ကူးနေချိန် အမှတ်တရတွေကိုလည်း ရွှေသမီးက Duwun Media ကနေ ဆက်လက်ပြောပြ လာ ပါတယ်။

'' ဒီဇာတ်ကားထဲမှာ နာမည်ကတော့ ဂျမ်းပုံပေါ့။ ဒါပေမယ့် ကိုယ်က ပေါ်ပြူလာဖြစ်ချင်တဲ့ ကောင်မလေးဆိုတော့ ဂျမ်းရတီ ဆိုပြီး နာမည် ပြောင်းထားတာ။ ဦးဇော်ဝင်းနိုင်ရဲ့ တူမ နေရာက စွာစိလေးပေါ့။ ဦးခင်လှိုင်နဲ့ ရိုက်ရတဲ့ ဇာတ်ဝင်ခန်းလေးတွေဆိုလည်း သူ့ကို ကိုယ် က  အမှီလိုက်နိုင်အောင် ကြိုးစားရတာပေါ့'' လို့ ဆိုပါတယ်။

Photo: ဓားငပြူး ဖေ့စ်ဘွတ်

 

ဓားငပြူး ရုပ်ရှင်ဇာတ်ကားကြီးကို လာဗင်ဒါ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ကျော်သားကြီးက ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ စက်တင်ဘာလ ၂၈ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။ မြင့်မြတ်၊ ရွှေသမီး နဲ့ ခင်လှိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က