''ငယ်ကအချစ် အနှစ်တစ်ရာ'' ပါတဲ့။

သျှားထွဋ်အိန္ဒြာ က အချစ်ဦး နဲ့ ပြန်အဆင်ပြေသွားပြီလို့ ဆိုပါတယ်။ အရင်က လက်တွဲခဲ့တဲ့ အချိန်နဲ့ အခုချိန် လက်တွဲထားတဲ့ အချိန် ကွာခြားမှုတွေကို ပြန်လည်ပြောပြလာပါတယ်။

Photo: Shar Htut Eaindar



သျှားထွဋ်အိန္ဒြာရဲ့ အချစ်ရေးက အခုချိန်မှာ ငယ်ချစ်ဦးနဲ့ ပြန်လက်တွဲနေပြီလို့ ဆိုပါတယ်။ ငယ်သူငယ်ချင်း လည်း ဖြစ်တာကြောင့် အဆင်ပြေတယ်လို့ မီဒီယာတွေရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

‘’အချစ်သစ်တော့ မဟုတ်ဘူးပေါ့နော်။ သူက သျှားရဲ့ ငယ်ချစ်ဦးလို့ပြောလို့ရတယ်။ သူနဲ့ပြန်ပြီးတော့ အဆင်ပြေသွားတယ်။ သူနဲ့ကလည်း အမုန်းတရားနဲ့ လမ်းခွဲခဲ့တာမဟုတ်တဲ့ အတွက်ကြောင့်ရော၊ ငယ်သူငယ်ချင်းလည်း ဖြစ်နေတဲ့အခါကျတော့ အများကြီး ညှိစရာမလိုဘူးပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Shar Htut Eaindar

‘’ငယ်ကအချစ် အနှစ်တစ်ရာ’’ ဆိုတဲ့ စကားပုံကလည်း သျှားထွဋ်အိန္ဒြာအတွက် ဖြစ်နေမယ်ထင်တယ်လို့ ဆိုပါတယ်။

‘’သျှားနဲ့ကျမှပဲ အဲဒီစကားက မှန်သွားတယ်ထင်ပါတယ်။ သူများတွေပြောတဲ့ မေတ္တာရောင်ပြန်ဟပ်တယ်ဆိုတာ ဒီကြားထဲမှာလည်း ငါဒီလောက် မေတ္တာစစ်နဲ့ နေခဲ့တာ ဘာဖြစ်လို့ ကောင်းကောင်းမွန်မွန်မနေရတာလဲပေါ့။ ကိုယ်လည်း မေတ္တာစစ် မပေးခဲ့လို့ ကောင်းကောင်းမွန်မွန်မနေရဘူးလို့ပဲ ခံယူလိုက်ပါတယ်။ အခုချစ်သူကလည်းပြောတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေတဲ့အခါကျတော့ စိတ်ထဲမှာ အမြဲတမ်း ရှိနေတာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Shar Htut Eaindar

ငယ်ချစ်ဦး နဲ့ ပြန်လက်တွဲခဲ့တဲ့ အချိန်နဲ့ ချစ်သူစဖြစ်ကာစ အချိန်တွေ ပြောင်းလဲသွားပုံတွေကိုလည်း သျှားထွဋ်အိန္ဒြာက ဆက်လက်ဖြေဆိုခဲ့ပါတယ်။

‘’ဘာမှ မကွာပါဘူး။ ပိုတောင်အဆင်ပြေသွားသေးတယ်။ သူ့ကိုကျတော့ ဘယ်လိုပဲ ထားထား စိတ်ချရတယ်။ ကိုယ် ပွဲတစ်ခုတက်နေရတယ်ဆိုရင်လည်း စိတ်မပူရဘူး ပျော်ပျော်ရွှင်ရွှင် အေးအေးဆေးဆေးပဲ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က L'Oreal ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Shar Htut Eaindar

Miss Universe Myanmar 2014 အလှမယ်လေး သျှားထွဋ် အိန္ဒြာ(Shar Htut Eaindar) ကတော့ လက်ရှိမှာ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြား မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ အချစ်ဦးနဲ့ အဆင်ပြေနေပြီ ဆိုတာကို ပရိသတ်တွေဆီ ပြောပြလိုက်ပါပြီ။ သူမက အခုချိန်မှာ မဂ္ဂဇင်းကာဗာ ဓာတ်ပုံတွေရိုက်ပြီး နဲ့ Modelling အလုပ်ကို ဆက်လက် လုပ်ကိုင်နေတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က