အမှုကတော့ စစ်နေတုန်းပါပဲ။

ဒီနေ့ရုံးချိန်းမှာလည်း ရုံးတော်ကို တင်သွင်းထားတဲ့ အသံဖိုင်တွေကို နားထောင်နေဆဲပဲ ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ သူ့အမှုကို ယုံကြည်ချက်အပြည့်နဲ့ ဆက်လက်ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇) နဲ့ တရားစွဲဆိုခံထားရတဲ့ ဝေဠုကျော်က ဒီနေ့ (ဇူလိုင်၁၈) ရက်နေ့ ရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာလည်း တရားလိုဘက်က တင်သွင်းထားတဲ့ အသံဖိုင်များကို နားထောင် စစ်ဆေးနေဆဲ ဖြစ်ပြီး အမှုအခြေအနေနဲ့ ပတ်သက်လို့ ဝေဠုကျော်က ယခုလို ပြောပြခဲ့ပါတယ်။



“ဒီနေ့ကလည်း တရားလိုတွေဘက်က တင်ထားတဲ့ သက်သေ ဖုန်းဖိုင်တွေကို ဖွင့်နားထောင်တယ်။ အသံဖမ်းခိုင်းတယ်ဆိုတာကတော့ ကျွန်တော်ဖမ်းထားခိုင်းတာ မဟုတ်ပါဘူး။ ဒါတွေကလည်း တစ်ချိန်ကျရင် ပြီးသွားမှာပါ” လို့ ဒီနေ့ ရုံးချိန်းအပြန်မှာ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

အမှုရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ သူ့ရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ ပတ်သက်ပြီး ထိခိုက်မှု ရှိမရှိကိုလည်းပြောပြခဲ့ပါသေးတယ်။ “ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီးတော့ အမှုပြီးသွားရင် အားလုံးပြီးသွားမှာပါ။ ကျွန်တော့် ပရဟိတ အလုပ်တွေနဲ့လည်း မဆိုင်ပါဘူး” ဆိုပြီး ဆက်လက်ပြောပြခဲ့ပါတယ်။

ဝေဠုကျော်ကတော့ သူ့ရဲ့ အမှုနဲ့ ပတ်သက်ပြီး ယုံကြည်ချက် အပြည့်ရှိသလို ယုံကြည်ချက်ရှိရှိနဲ့ ဆက်လက်ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

နောက်ထပ် ရုံးချိန်းကိုတော့ ဇူလိုင်(၃၀)ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ပါတယ်။

သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမ ပုဒ်မ(၄၁၇)နဲ့ ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း(၅၀)နဲ့ အချုပ်လွတ်အာမခံ ရယူသွားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က