ကျွန်တော်တို့ မှားတာကို ဝန်ခံပါတယ်။

ထူးခြား ကတော့ အဆိုတော် ယုန်လေးကိုယ်တိုင် ဖန်တီးလိုက်တဲ့ “ ငါတို့ အားလုံးရဲ့ မြေ” သီချင်းအပေါ် သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

Photo: Htoo Charr



သရုပ်ဆောင်ထူးခြားကတော့ “ ငါတို့ အားလုံးရဲ့ မြေ” သီချင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ၊ အနုပညာရှင်တွေရဲ့ ဝေဖန်ပြောဆိုမှုတွေ ကြုံနေရတဲ့ သူငယ်ချင်းဖြစ်သူ ယုန်လေးအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ယုန်လေးကို ခွင့်လွှတ်ပေးကြဖို့လည်း Duwun ကနေ တောင်းဆိုလာခဲ့ပါတယ်။ 

“ ကျွန်တော်လည်း ကျွန်တော့် သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ သူလည်း အခုလို ဖြစ်သွား မယ်လို့ ရည်ရွယ်ချင်မှ ရည်ရွယ်မှာလေ။ ဒါဟာ ယုန်လေးက စိတ်လောသွားတာပါ။ သူ့ရဲ့ တင်ပြမှုက တလွဲကြီးဖြစ်သွားတယ်။ အခုဆို ယုန်လေးကလည်း အားလုံးကို တောင်းပန်နေပါပြီ။ ဒီ့အတွက် ကျေအေးပေးကြပါလို့ ကျွန်တော်က ပြောချင်ပါတယ်” ဆိုပြီးတော့ သြဂုတ်လ (၅) ရက်နေ့က ဖြေဆိုခဲ့တာပါ။ 

Photo: Htoo Charr

“ ငါတို့ အားလုံးရဲ့ မြေ” MTV ထဲမှာလည်း သရုပ်ဆောင် ထူးခြားဟာ တပ်မတော်သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ MTV ကို ဖန်တီးထားတဲ့ ယုန်လေးရဲ့ စိတ်နေစိတ်ထားအပေါ် ထူးခြား ရဲ့ သဘောထားကို အခုလို ပြောပြခဲ့ပါသေးတယ်။ 

“ နိုင်ငံခြားဇာတ်ကားတွေမှာဆိုရင် သမ္မတကို ပြန်ပေးဆွဲကြတယ်၊ ပြန်ကယ်ကြမယ်ပေါ့။ ကျွန်တော့် အထင်ကတော့ သူ့ရဲ့ စိတ်ကို စဉ်းစားကြည့်လိုက်တဲ့ အခါမှာလည်း ဒီလောက်လေးနဲ့ သူ ရိုက်လိုက်တယ်။ ဒါပေမယ့် အခုချိန်မှာ အားလုံးဖြစ်စေချင်တဲ့ ဆန္ဒနဲ့ သူ့ရဲ့ တင်ပြမှုက တလွဲဖြစ်သွားတယ်။ အဲဒီအတွက် ယုန်လေးကိုယ်စား ကျွန်တော် တောင်းပန်ပါတယ်။ ပါဝင်ကြတဲ့ သူအားလုံးကလည်း အခုလို ဖြစ်စေမယ့် ရည်ရွယ်ချက်မျိုးမရှိပါဘူး။ ကျွန်တော်တို့ မှားတယ် ဆိုတာ ဝန်ခံပါတယ်” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ 

Photo: Htoo Charr

" ငါတို့ အားလုံးရဲ့ မြေ" Music Video ကို သြဂုတ်လ (၄) ရက်နေ့ မနက် (၁၀) နာရီကျော်က Original Ganster Facebook Page ကနေ ပရိသတ်ကို မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုတွေကြုံခဲ့ရပါတယ်။ ဒီဝေဖန်ပြောဆိုမှုတွေကြောင့် သြဂုတ်လ (၅) ရက်နေ့ နေ့လယ် (၂) နာရီဝန်းကျင်က အဆိုတော်ယုန်လေးကိုယ်တိုင် Original Ganster Facebook Page ကနေ ဖြုတ်ချလိုက်တာကို တွေ့ရပါတယ်။

Photo: Htoo Charr

ထူးခြားကိုတော့ အက်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အော်ရဂျင်နယ် ဂိုဏ်းစတားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ ပိုသတိထားမိခဲ့ကြပါတယ်။ လက်ရှိမှာလည်း သူဟာ အက်ရှင်ဇာတ်ကား တော်တော်များများရိုက်ကူူးနေရတာဖြစ်ပြီး ပရိသတ်အခိုင်အမာ ရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က