ကျွန်မ စိတ်ပူမိတဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတယ်။

ထွန်းအိန္ဒြာဗိုလ်ကတော့ ဒါရိုက်တာ ယုန်လေးရိုက်ကူးမယ့် အက်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်မယ့်အကြောင်း ပြောလာပါတယ်။ 

ထွန်းအိန္ဒြာဗိုလ်ကိုတော့ အက်ရှင်ဇာတ်ကားထဲမှာ ဂိုဏ်းစကားခေါင်းဆောင် တစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာပါ။  ဒီဇာတ်ကားမှာ သူကိုယ်တိုင် စိတ်ပူရမယ့် ဇာတ်ဝင်ခန်းတွေလည်းရှိတဲ့အကြောင်း ပြောပြလာပါတယ်။ 



“ ဒီလကုန်ရင် ယုန်လေးနဲ့ ဇာတ်ကားတစ်ကားရိုက်ဖို့ရှိတယ်။ မိန်းမ ဂိုဏ်းစတားပုံစံမျိုး မြင်ရမှာပေါ့နော်။ ကြိုတင်ပြင်ဆင်ရတာတွေထက် သူတို့က ကျွန်မရဲ့ မျက်နှာ ပုံစံကို သဘောကျလို့ လာငှားတာပါ။ ကျွန်မ ပုံစံနဲ့လိုက်တဲ့ ဒိုင်ယာလော့တွေသူတို့ ပေးမှာပါ။ ဇာတ်ကတော့ အားလုံးကောင်းတယ်။ တစ်ခုပဲ စိတ်ပူတာက နောက်ဆုံးခန်းမှာ သူတို့က ကျွန်မကို ဇောက်ထိုးဆွဲပြီး ရေနှစ်မယ့် အခန်းပေါ့။ ကျွန်မ လုပ်နိုင်ပါ့မလားလို့တွေးမိတယ်” လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Htun Eaindra Bo

ဒါရိုက်တာ ယုန်လေးရိုက်ကူးမယ့် အက်ရှင်ဇာတ်ကားကြီးကိုလည်း ထွန်းအိန္ဒြာဗိုလ်က ဇာတ်လမ်းနဲ့ ကာရိုက်တာကို သဘောကျလို့ လက်ခံဖြစ်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လေဒီဒိန်းဂျား ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ အက်ရှင်ဇာတ်ကားက ကျွန်မရဲ့ လှုပ်ရှားမှုက နည်းနည်းပဲ ပါမှာပါ။ စကားပြောနေရင်း စိတ်မရှည်လို့ ဆောင့်ကန်လိုက်မိတာတွေတော့ပါတယ်။ အများကြီး ဖိုက်တင်ချရတဲ့ဟာတော့ မဟုတ်ဘူး။ ကျွန်မက ဆရာမကြီးဆိုတော့ ကိုယ်က ခိုင်းတဲ့သူလေ။ ကိုယ် ခိုင်းတဲ့သူတွေကပဲ ဖိုက်တင်ချရမှာ။ ဒီဇာတ်ကားရိုက်ဖြစ်ရင်တော့ အရမ်းကို မိုက်နေမှာပါ” လို့လည်း ဆက်လက် ပြောပြလာပါသေးတယ်။ 

Photo: Oakklar Lay

ထွန်းအိန္ဒြာဗိုလ်ကတော့ ၂၀၂၀ ခုနှစ်က စပြီး ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်သွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမရဲ့ အသက်အရွယ်အရ လိုက်ဖက်တဲ့ ကာရိုက်တာတွေကိုသာ လက်ခံရိုက်ကူးသွားမှာပါတဲ့။ အနုပညာအလုပ်တွေ တစိုက်မတ်မတ်လုပ်ခဲ့ချိန်က မိသားစုကို အချိန်အပြည့်အဝ မပေးခဲ့ရတာကြောင့် အခုလို ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။  

Photo: Htun Eaindra Bo

ထွန်းအိန္ဒြာဗိုလ် ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်က "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းရယ်၊ သားလေး အောင်ဗိုလ်ကောင်းသန့်ရယ် နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ တစ်ဦးတည်းသော သားလေးကလည်း ပညာရေးမှာရော၊ အားကစားမှာရော ထူးချွန်တဲ့သူ တစ်ယောက်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က