စိတ်ပူပြီးတော့ လိုအပ်တာတွေ လိုက်ဖြည့်ဆည်းပေးတယ်။

လွင်မိုးကတော့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးက အသက်ငယ်သေးတာကြောင့် မိသားစုတစ်ခုစု တည်ထောင်ဖို့ဆိုတာ မလွယ်ကူဘူးလို့ ဆိုပါတယ်။ 

Photo: Lwin Moe



သရုပ်ဆောင် လွင်မိုးဟာ သမီးဖြစ်သူရဲ့ မိသားစုအရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ ဖခင်တစ်ယောက်ဖြစ်တာကြောင့် သမီးဖြစ်သူရဲ့ မိသားစုအတွက် စိတ်ပူတဲ့အရာတွေရှိတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“သူတို့ရဲ့ စားဝတ်နေရေး၊ နေထိုင်ရေး၊ နောက်ပြီးတော့ ကျောင်းသွားတဲ့ကိစ္စ၊ အိမ်မှုကိစ္စတွေက အစ၊ ပြီးတော့ မိသားစုရဲ့ ဝင်ငွေတွေ စတဲ့ ဒီအပိုင်းတွေကို ကိုယ်က စိတ်ပူပြီးတော့ လိုက်ပြီးဖြည့်ဆည်းပေးနေရတာပေါ့။မိသားစုတစ်စု ထူထောင်တယ်ဆိုတာအဲဒီလိုပဲ အလုပ်ကို ကြိုးကြိုးစားစားလုပ်ရမယ်၊ အာရုံစူးစိုက်ရမယ်၊ ဇွဲ လုံ့လရှိရမယ်။ ပျင်းနေလို့မရဘူး” လို့သူကဆိုပါတယ်။ 

Photo: Lwin Moe

ယွန်းဝတီလွင်မိုးကို ပရိသတ်တွေက သရုပ်ဆောင်အကယ်ဒမီ လွင်မိုးရဲ့ သမီးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင် အနေနဲ့ အနုပညာအလုပ်တွေလည်း လုပ်ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ သူမဟာ ခင်ပွန်းဖြစ်သူ ထက်ဦးလှိုင်နဲ့ Liam ဆိုတဲ့ သားလေး တစ်ယောက်ရှိပါ တယ်။ဇနီးမောင်နှံ နှစ်ယောက်စလုံးဟာပညာရေး ဆုံးခန်းမတိုင်သေးတာကြောင့် သြစတေးလျနိုင်ငံ

မဲဘုန်းမြို့ မှာ နေထိုင်ရင်း စာလေ့လာနေတာဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးဟာ ကျောင်းခဏပိတ်တဲ့အချိ န် မြန်မာပြည်ကို ပြန်လာတဲ့အချိန်မှာ TV ကြော်ငြာလေးတွေ၊ ရုပ်ရှင်ဇာတ်ကား တွေ ရိုက်ကူးလေ့ရှိတယ်လို့ သိရပါတယ်။

Photo: Lwin Moe

လွင်မိုးကလည်း သမီးဖြစ်သူ ယွန်းဝတီလွင်မိုးရဲ့ အနုပညာလှုပ်ရှားမှုအပေါ် အခုလိုသုံးသပ်ပြောပြလာပါတယ်။ အနုပညာရှင်တစ်ယောက်ရဲ့ သမီးဖြစ်လို့ ချက်ချင်းခေါင်းဆောင်မင်းသမီး အဖြစ် ဇာတ်ကားတွေ မရိုက်ခိုင်းဘူးလို့ သိရပါတယ်။ အရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့ လေ့လာစေချင်သေး တယ်လို့ ဖေဖော်ဝါရီ လ ၂၅ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေကို လာရောက်ကြည့်ရှုရင်း ဖြေဆိုခဲ့တာပါ။

“ အခုချိန်မှာတော့ သူ့ကို အနုပညာအလုပ်နဲ့ ပတ်သက်ပြီး သဘောသဘာဝတွေ နားလည်အောင်၊ သူပါတဲ့အခန်းကလည်း နည်းတဲ့အတွက် လေ့လာစရာ၊ သင်ယူစရာတွေရအောင်၊ အတွေ့အကြုံရအောင် ရိုက်ခွင့်ပြုလိုက်တာပါ။ ဒီလို ဇာတ်ကားမျိုးတွေ နောက်ထပ် ၄ ကား၊ ၅ ကားလောက် ရိုက်ရဖို့ လိုသေးတယ်။ သူသိရမယ့် အချက်အလက်တွေ၊ နားလည်ရမယ့် အရာတွေ လိုသေးတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Lwin Moe

လွင်မိုးက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က