အရင်တုန်းက သင်္ကြန်ရက်တွေဆို အရမ်းပျော်တယ်။

နေရဲကတော့ ငယ်ငယ်တုန်းက သင်္ကြန်မှာ ကောင်မလေးတစ်ယောက်ကို လိုက်ရင်း ခွက်စောင်းခုတ်တာ၊ ခွက်နဲ့ခေါက်တာတွေ ခံရဖူးတဲ့အကြောင်းပြောပြလာပါတယ်။ 

Photo: Nay Ye



သရုပ်ဆောင် နေရဲကတော့ သင်္ကြန်ရောက်ဖို့ နီးလာလေ အရင်တုန်းက အမှတ်တရလေးတွေကို ပြန်လည်ပြောပြလာပါတယ်။ သူ့အတွက် မမေ့နိုင်စရာ အမှတ်တရလေးလည်း ရှိခဲ့ဖူးတယ်လို့ သူကဆိုပါတယ်။ 

“ကျွန်တော့်အတွက် သင်္ကြန်အမှတ်တရလေးကတော့ ငယ်ငယ်တုန်းက ကောင်မလေး သွားကြောင်တာ သူ့မောင်လေးတွေက ခွက်စောင်းတွေခုတ်၊ ခွက်တွေနဲ့ ခေါက်တော့ ထွက်ပြေးခဲ့ရတယ်။ ဒါကတော့ မမေ့နိုင်စရာ အမှတ်တရပဲ။ သင်္ကြန်မှာလည်း ကျွန်တော်က ကဲရတာ မကြိုက်ဘူး အိမ်မှာပဲ မိသားစုတွေ အတူတူ သောက်မယ်စားမယ် ဆိုတာလောက်ပဲ လုပ်ကြတာများတယ်” ဆိုပြီးတော့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Nay Ye

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးအရမ်းများစေမယ့် သင်္ကြန်မဏ္ဍာပ်တွေ လုပ်ခွင့်မပေးတော့တဲ့ အပေါ်မှာလည်း နေရဲက စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ 

“ သင်္ကြန်မဏ္ဍာပ်တွေ မလုပ်ဖြစ်တာတော့ စိတ်မကောင်းဘူး။ ဒါပေမယ့် ရပ်ကွက်သင်္ကြန်လေးတွေ စည်လာမယ့် သဘောတော့ရှိတယ်။ ကျွန်တော်က ဟိုးအရင်ကတည်းက ရပ်ကွက်သင်္ကြန်ဆို ပျော်တယ်လေ။ သင်္ကြန်မရောက်ခင်ကတည်းက Plan တွေဆွဲတာ။ အခုဆိုရင် အုန်းလက်မဏ္ဍာပ်လေးတွေ ပိုများမှာပေါ့" ဆိုပြီးတော့ မတ်လ ၁၅ ရက်နေ့က အပျိုရောင်ည ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: RBV

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သင်္ကြန်ပွဲတော်သာမက ရုပ်ရှင်ထူးချွန်ဆု ပေးပွဲ၊ Star Award ဆုပေးပွဲတွေလည်း ရက်ရွှေ့လိုက်ရတယ်လို့ သိရပါတယ်။ အနုပညာရှင်တော်တော်များများကလည်း ပရိသတ်တွေကို ကျန်းမာရေး အထူး ဂရုစိုက်ကြဖို့ တိုက်တွန်းထားတာကိုလည်း တွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နိုင်ငံတော်တော်များများမှာ ပျံ့နှံ့နေတာဖြစ်ပြီး လူဦးရေ တော်တော်များများ သေဆုံးခဲ့တယ်လို့ လည်းသိရပါတယ်။ 

Photo: Nay Ye

နေရဲကိုတော့ အခုဆိုရင် ခင်လှိုင်ရဲ့သားအဖြစ် ပရိသတ်တွေ စတင်သိရှိလာပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း သူတစ်ယောက်တည်းဖြစ်စေ၊ ဖခင်ဖြစ်သူနဲ့ ဖြစ်စေ ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရတာကိုလည်း တွေ့ရပါတယ်။ နေရဲကိုတော့ အက်ရှင်ဇာတ်ကား၊ အချစ်ဒရာမာ ဇာတ်ကားတော်တော်များများမှာ တွေ့ရတတ်ပါတယ်။ သူဟာ ပရိသတ်အချစ်တော်မလေး သဇင်ထူးမြင့်ရဲ့ အစ်ကိုအရင်းတစ်ယောက်လည်းဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က