ဒါပေမယ့် သူမရဲ့ We Love လေးတွေကြောင့် ပျော်ရွှင်နေရပါပြီတဲ့။

ရွှေပိုးအိမ်ဟာ သြဂုတ်လအတွင်းမှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့မှာတော့ We Love လေးတွေနဲ့ အတူတူ အလှူအတန်းတွေ လုပ်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ သူမရဲ့ ဘဝမှာလည်း မိသားစု စုံစုံလင်လင် မွေးနေ့ပွဲ ကျင်းပခဲ့ဖူးတာမျိုး မရှိတဲ့အကြောင်း ပြောပြလာပါတယ်။

Photo: Shwe Poe Eain

ရွှေပိုးအိမ်ဟာ သြဂုတ်လ ၁၅ ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့ကိုတော့ အလှူအတန်းတွေနဲ့ ဖြတ်သန်းသွားမယ်လို့ သိရပါတယ်။ ဒီနှစ် မွေးနေ့မှာတော့ သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေအပေါ် မျှော်လင့်ချက်ထားထားတဲ့ အရာရှိတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ရွှေပိုးမွေးနေ့မှာ အမေများအဖွဲ့နဲ့ မမများ အဖွဲ့တွေကို ပေါ်ဆန်းမွှေးဆန် အိတ် တစ်အိတ်ကို ၃၃၀၀၀ တန် ၁၅ အိတ်နဲ့ အထက် လှူဖို့ရှိပါတယ်။ နေ့လယ်ပိုင်းကျရင် ရန်ကုန်ဆေးရုံကြီးရဲ့ သွေးရောဂါ ဌာနမှာ အယောက် ၁၀၀ စာ အကျွေးအမွေး လုပ်သွားဖို့ စီစဉ်ထားပါတယ်။ ဒီအလှူလေးမှာ ရွှေပိုးရဲ့ We Love လေးတွေကို အတူတူရှိစေချင်တယ်။ ဒါက ရွှေပိုးရဲ့ မျှော်လင့်ချက်ပါ။ တန်ဖိုးကြီးလက်ဆောင်တွေ မလိုချင်ပါဘူး။ ရွှေပိုးရဲ့ အလှူမှာ နယ်က Fan တွေ လာဖို့ ခက်ခဲနေပေမယ့် ရန်ကုန်က ပရိသတ်တွေကိုတော့ လာစေချင်တယ်’’ လို့ သူကဆိုပါတယ်။

Photo: Shwe Poe Eain

ရွှေပိုးအိမ်ဟာ သူမရဲ့ ဘဝမှာ အမှတ်တရ အဖြစ်ဆုံး မွေးနေ့ ကတော့ ၂၀၁၈ ခုနှစ်မှာ ကျရောက်ခဲ့တဲ့ မွေးနေ့ ဖြစ်ပါတယ်တဲ့။ ဒါကလည်း We Love တွေကြောင့် ရရှိလာတဲ့ ပျော်ရွှင်မှု ဆိုရင်လည်း မမှားဘူးလို့ ပြောပါတယ်။

‘’အခုဆို ရွှေပိုး အနုပညာအလုပ်လုပ်လာတာ ၈ နှစ်လောက်ရှိပြီ။ မနှစ်ကဆိုရင် ပရိသတ်တွေ ရွှေပိုးကို Birthday Surprise လုပ်တာ ပျော်လည်းပျော်တယ်။ အရမ်းလည်း ဝမ်းနည်းတယ်။ ကိုယ့်ဘဝမှာလည်း ပျော်စရာအကောင်းဆုံးမွေးနေ့ ဖြစ်သွားတယ်။ ဒါပေမယ့် ကိုယ့်ကိုချစ်လို့ ပိုက်ဆံတွေလည်း သိန်း ၂၀ လောက် အကုန်အကျခံခဲ့ရတဲ့ ပရိသတ်တွေ၊ နယ်ကလာတဲ့ပရိသတ်တွေကလည်း လက်ဆောင်လေးတွေပါလာတော့ ကိုယ့်ကို တကယ်ချစ်တဲ့သူတွေရှိတယ်ဆိုတဲ့ အသိနဲ့ တကယ်ကို အားတက်ခဲ့ရတယ်’’ လို့ ဆိုပါတယ်။

Photo: Shwe Poe Eain

မွေးနေ့နဲ့ ပတ်သက်လာရင် ငယ်စဉ်ကတည်းက အမှတ်တရတွေ မရှိခဲ့ဖူးဘူးလို့ ရွှေပိုးအိမ်က ပြောပါတယ်။ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ မွေးနေ့ပွဲလေး မကျင်းပခဲ့ဖူးပါဘူးတဲ့။

‘’ရွှေပိုးတို့ ငယ်ငယ်တုန်းက အဖေနဲ့ အမေက ကွဲနေတာပါ။ အခုဆိုရင်လည်း အဖေနဲ့ အစ်ကိုနဲ့က ဆုံးသွားတာ ၄ နှစ်၊ ၅ နှစ်လောက်ရှိပြီ။ မွေးနေ့ဆိုတာကိုလည်း ဘယ်သူ့မွေးနေ့ပဲဖြစ်ဖြစ် တကူးတကကြီး အိမ်မှာ လုပ်ပေးခဲ့တာမျိုးမရှိဘူး။ လှူချင်ရင်တော့ သွားလှူ၊ လှူမယ့် မုန့်ဖိုးလေးတော့ ပေးမယ်ပေါ့။ အမေကတော့ မွေးနေ့ပွဲလုပ်ဖို့ အချိန်မပေးနိုင်ဘူးပေါ့နော်။ အမေက အိမ်ထောင်ဦးစီးလည်းဖြစ်၊ စီးပွားလည်းရှာရတဲ့သူဆိုတော့ မလုပ်ပေးဘူး။ ရွှွေပိုးတို့ မောင်နှမတွေကလည်း မွေးနေ့ပွဲဆိုတာမျိုး လုပ်ခဲ့တာတွေ မရှိဘူး’’ လို့လည်း ဆက်လက် ပြောပြလာပါတယ်။


Photo: Shwe Poe Eain

ရွှေပိုးအိမ်ကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာလည်း ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရသူ ဖြစ်သလို မိသားစုနဲ့ဖြစ်ဖြစ်၊ ပရိသတ်တွေနဲ့ဖြစ်ဖြစ် အလှူအတန်းဆိုရင်လည်း အမြဲမပြတ် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က