နှလုံးသားရေးရာအကြောင်းတွေ ရင်ဖွင့်ပြောပြလာပါတယ်။

ထူးအောင်ရဲ့ နှလုံးသားရေးရာကတော့ ဗေဒင်ဆရာမ ဟောထားတဲ့အတိုင်း အရမ်းကို ကံမကောင်းတဲ့သူပါတဲ့။ ဒါပေမယ့် ဇာတ်လမ်းတွဲထဲမှာတော့ အိမ်ပေါ်တက်ပြီး ရည်းစားစကားပြောခဲ့ရတဲ့ ဇာတ်ဝင်ခန်းကို သဘောကျတယ်လို့ဆိုပါတယ်။

Photo: Htoo Aung



ထူးအောင်ကတော့ အရမ်းချစ်တတ်တဲ့ လူတွေထဲမှာ သူလည်း တစ်ယောက်အပါအဝင်ပါပဲတဲ့။ အချစ်ကြီးပေမယ့် နှလုံးသားရေးရာကတော့ ကံမကောင်းတတ်ဘူးဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုုခဲ့ပါတယ်။

‘’ ကျွန်တော်ကကျတော့ အချစ်ကြီးတဲ့လူထဲမှာပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ဗေဒင်ဆရာမက ဟောထားတယ် ထူးအောင်ကတဲ့ ၄ ကြွင်းတဲ့ ၂ ဆိုတော့ အမြဲတမ်း ကျန်ရစ်ဖြစ်မှာတဲ့ ရည်းစားမထားနဲ့တဲ့။ ငယ်ငယ်လေးကတည်းက ရည်းစားကံမကောင်းဘူး၊ ကြီးလာတော့လည်း ရည်းစားကံမကောင်းဘူးတဲ့။ ဗေဒင်က တော်တော်မှန်တယ်’’ လို့ သူကဆိုပါတယ်။

Photo: Htoo Aung

အပြင်လောကမှာ အချစ်ရေး ကံမကောင်းလှတဲ့ ထူးအောင်က ‘’အကြင်နာမြစ်ဖျား’’ ရုပ်သံဇာတ်လမ်းတွဲထဲမှာတော့ အချစ်ရေးကံကောင်းဖို့ကို တော်တော် ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။

‘’ ချစ်တတ်တာတွေတော့ အများကြီးတွေ့ရမှာပါ။ ကျွန်တော်လည်း ကြိုးစားထားတယ်။ အိမ်ပေါ်တက်ပြီးရည်းစားစကားပြောတဲ့ အခန်း တွေဆိုရင် အရမ်းမိုက်တယ်။ တရားလွန်ကြီးတွေပေါ့။အရမ်းချစ်သွားတဲ့အခါကျတော့ သူ့ အမေတွေ၊ အဒေါ်တွေရှိတယ်ဆိုရင်တောင်မှ သူတို့တွေကို ကျော်ပြီးတော့ ပေါ်တင်ပြောတဲ့ဟာတွေပေါ့။တော်တော်လည်း ရယ်ရပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၆ ရက်နေ့က အကြင်နာမြစ်ဖျား ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Htoo Aung

အကြင်နာမြစ်ဖျားရုပ်သံဇာတ်လမ်းတွဲကိုတော့ MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ ထူးအောင်ကိုတော့ Model တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အဆက်မပြတ် ရိုက်ကူးနေရတာကိုလည်းတွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က