ရင့်ကျက်သွားတာနေမယ်။

ဒီဇင်ဘာ(၂၄) ရက်နေ့က ထွန်းထွန်းရဲ့ မွေးနေ့ပါ။ သူ့ရဲ့ မွေးနေ့မှာ မိဘတွေနဲ့အတူ အလှူအတန်းတွေ ပြုလုပ်ခဲ့သလို "ကြောက်ကြောက်ကြောက်" အဖွဲ့သားတွေက မွေးနေ့ညလေးကို အတူတူ ဖြတ်သန်းခဲ့ပါသေးတယ်။

Photo : ထွန်းထွန်း



သရုပ်ဆောင် ထွန်းထွန်းကတော့ ငယ်ငယ်တုန်းကလောက် မွေးနေ့ကို ရင်မခုန်တော့ဘူးလို့ ဆိုပါတယ်။ ငယ်ငယ်က သူငယ်ချင်းတွေနဲ့အတူပျော်ခဲ့၊ ကဲခဲ့တာကြောင့် အသက်အရွယ်ရလာတဲ့အချိန်မှာ မွေးနေ့ကို အရမ်း ရင်ခုန်တာမျိုးမရှိတော့ဘူးလို့ ဆိုပါတယ်။

“မွေးနေ့တုန်းက အိမ်မှာ ဆွမ်းကပ်တယ်။ မနှစ်ကလောက်တောင် မွေးနေ့ကို ရင်မခုန်တော့ဘူး အသက်အရွယ်ကြောင့်လည်း ဆိုင်မယ်ထင်တယ်။ ကလေးလည်းမဟုတ်တော့ဘူးဆိုတော့လေ။ ငယ်ငယ်တုန်းက မွေးနေ့တွေမှာ သူငယ်ချင်းတွေနဲ့ ပျော်ခဲ့တာကြောင့်နေမယ်အသက်ကြီးလာတဲ့ နောက်ပိုင်းမှာ အထူးတလည် သိပ်မသတ်မှတ်မိတော့ဘူး။မွေးနေ့တိုင်းမှာ စိတ်ချမ်းချမ်းသာသာနဲ့ပဲ နေချင်တော့တယ်” လို့ ဒီဇင်ဘာ(၂၄) ရက်နေ့ကပြုလုပ်တဲ့ “ကြောက်ကြောက်ကြောက်၂” အထူးပွဲမှာ ပြောခဲ့တာပါ။

Photo : ထွန်းထွန်း

တစ်နှစ်ထက်တစ်နှစ်အသက်အရွယ်တွေ တဖြည်းဖြည်းရလာချိန်မှာ အလုပ်ကို ပိုကောင်းအောင် ကြိုးစားဖို့နဲ့ မိဘတွေကို ချမ်းချမ်းသာသာထားနိုင်ဖို့ကိုပဲ တွေးမိတော့တယ်လို့ ဆိုပါတယ်။”

“မနှစ် ကဆိုလည်း တွေးမိတယ်။ အလုပ်ကို တစ်နှစ်ထပ်တစ်နှစ်ပိုကောင်းအောင်ကြိုးစားရမယ်။ အဖေအမေကိုလည်း ချမ်းချမ်းသာသာ ထားနိုင်ရမယ်ဆိုပြီးတွေးမိတယ်။ဒီနှစ်မှာလည်း ဒါပဲတွေးမိပါတယ်” လို့ ဆိုပါတယ်။ သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အရာအားလုံး သေချာသွားတဲ့တစ်နေ့ ပရိသတ်တွေကို ပြောပြသွားမှာပါတဲ့ ။

Photo : ထွန်းထွန်း

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က