ငယ်ငယ်လေးကတည်းက မင်းသားလုပ်မယ်လို့ ပြောခဲ့တာ။

ထွန်းဝီရ ကတော့ ကလေးသရုပ်ဆောင် ကတည်းက အနုပညာအလုပ်တွေ လုပ်လာခဲ့သူဖြစ်ပါတယ်။အနုပညာအလုပ်တွေ ခဏနားလိုက်ပေမယ့် အခုချိန်မှာသူ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ်လို့ဆိုပါတယ်။ 

မိန်းကလေးပရိသတ်တွေ စိတ်ဝင်စားမှုခံနေရတဲ့ သရုပ်ဆောင် ထွန်းဝီရ ကတော့ အနုပညာအလုပ်တွေထက် ပညာရေးကို ပိုဦးစားပေးခဲ့တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ သူဟာ အရင်တုန်းက ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် ဇာတ်ကားတွေရိုက်ကူးခဲ့သူဖြစ်ပါတယ်။ 



“ အနုပညာအလုပ်ကို ငယ်ငယ်ကတည်းက စိတ်ဝင်စားမှု ပြင်းပြခဲ့တာပါ။ ပြီးတော့ သရုပ်ဆောင် အလုပ်ကို ကလေးသရုပ်ဆောင်အနေနဲ့ လုပ်ခဲ့ဖူးတော့ ဝါသနာက ပိုကြီးလာတာပေါ့နော်။ ဒီကြားထဲမှာ ပညာရေးကို ဦးစားပေးလိုက်ရတဲ့အတွက် အလုပ်မလုပ်လိုက်ရတဲ့ အချိန်တွေကို နောင်တ ရတာမျိုးတော့ မရှိပါဘူး” လို့ သူကဆိုပါတယ်။ 

ထွန်းဝီရဟာ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လာရင် အရမ်းကို ဝါသနာကြီးခဲ့သူပါတဲ့။ မင်းသား လုပ်ချင်တယ်ဆိုတာကလည်း သူ့အတွက် အိပ်မက် တစ်ခုလို ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

“ ကျွန်တော် ငယ်ငယ်ကတည်းကနေ အခုချိန်အထိ အတန်းထဲမှာ ဆရာမက မေးရင် ဘာဝါသနာပါလဲပေါ့။ သူများတွေကတော့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ပြောနေတဲ့အချိန်မှာ ကျွန်တော်က ငယ်ငယ်ကတည်းက မင်းသားဖြစ်ချင်တယ်လို့ပဲ ပြောတာ။ ဒါက ကျွန်တော့်ရဲ့ အိပ်မက် လို့ပဲပြောလို့ရမှာပေါ့” ဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က ရွှေကြို လူတွေ့စစ်ဆေးတဲ့နေ့မှာ ဖြေဆိုခဲ့တာပါ။ 

Photo: Htun Wira

ထွန်းဝီရဟာ စိန်မဟာသဘင်ရဲ့ မျိုးစက်သစ် တစ်ယောက်ဖြစ်ပါတယ်။ ဇာတ်မင်းသားကြီး ချမ်းသာ၊ မိုးဝင်း၊ မိုးမင်း တို့ရဲ့ အနုပညာမျိုးစက်ဖြစ်သလို ပတ္တမြားကေခိုင်ရဲ့ သား ဖြစ်ပါတယ်။ သရုပ်ဆောင် အဆိုတော် ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း တို့ရဲ့ တူ ဖြစ်ပါတယ်။ အနုပညာမျိုးရိုးက ဆင်းသက်လာတဲ့ လူငယ်တစ်ယောက်ဖြစ်လို့ သရုပ်ဆောင်အလုပ်ကို စိတ်အားပိုထက်သန်တယ်လို့ သိရပါတယ်။ 

Photo: Htun Wira

ထွန်းဝီရကိုတော့ ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကားများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ သူဟာ သရုပ်ဆောင်အလုပ်သာမက ဇာတ်သဘင် အလုပ်တွေမှာပါ မြန်မာအဆို၊ အက တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကပြဖျော်ဖြေတတ်သူ တစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က