သူ အရမ်းဖြစ်ချင်နေတဲ့ ရွှေကြိုတစ်ယောက်ဖြစ်လာပါပြီ။

ဘုန်းမင်းနေလက ရွှေကြိုတစ်ယောက်ဖြစ်လာလို့ အရမ်းကို ရင်ခုန်နေပါတယ်တဲ့။ ဝါသနာပါရာကို လုပ်ခွင့်ပေးထားတဲ့ မိခင်ကို ပိုင်ဆိုင်ထားတာကြောင့်လည်း ကံကောင်းတယ်လို့ ဆိုပါတယ်။

Photo: Win NI Aung



၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရွှေကြို တစ်ဦးဖြစ်လာတဲ့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့သား ဘုန်းမင်းနေလကတော့ ဝမ်းသာပျော်ရွှင်လို့နေပါတယ်။ ဝါသနာပါတဲ့ အလုပ်ကို လုပ်ခွင့်ရပြီလို့လည်း Duwun Media အင်တာဗျူးမှာပြောပြခဲ့ပါတယ်။

‘’အဓိက ကတော့လေ ကျွန်တော်လည်း လုပ်ချင်လို့ပါ။ ကျွန်တော်က ကိုယ်မလုပ်ချင်တဲ့ အရာဆို မလုပ်ဘူး။ ဒါက ကိုယ်ဝါသနာပါတာလည်းဖြစ်တယ်။ အမေ့ကိုလည်း ဦးရန်လေးက အကူအညီတောင်းတယ်ဆိုတော့ ကျွန်တော့်အတွက် ရေကန်အသင့် ကြာအသင့်ပေါ့နော်။ သိလိုက်ရတော့ အရမ်းပျော်တာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Phone Min Nay La

ဘုန်းမင်းနေလဟာ သူ့ရဲ့ ဝါသနာကို အစစအရာရာ ပံ့ပိုးပေးနိုင်တဲ့ မိခင်ကို ပိုင်ဆိုင်ခွင့်ရတာ ကံကောင်းတယ်လို့ ဆိုပါတယ်။

‘’ဒီလိုအမေရတာ ကျွန်တော် အရမ်းကံကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေက ကိုယ့်အိပ်မက်ကို ယုံကြည်ပြီးတော့ Support ပေးတဲ့ မိဘတွေက ရှားတာကိုး။ အထူးသဖြင့် ကျွန်တော်တု့ိရဲ့ အာရှနိုင်ငံက မိဘတွေမှာ အဲဒါတစ်ခုတော့ လိုတယ်လေ’’ လို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရွှေကြို မိတ်ဆက်ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Miolay

အဲဒီနောက် မိခင်ဖြစ်သူကိုလည်း အကယ်ဒမီ ရစေချင်တာဖြစ်ပြီး ဒီအကယ်ဒမီဆုကို သူကိုယ်တိုင် ကိုင်ဆောင်ချင်တဲ့ ဆန္ဒကို ပြောပြလာပါသေးတယ်။

‘’စိတ်ကူးရှိပါတယ်။ စိတ်ကူးလည်းယဉ်ပါတယ်။ ဒါပေမယ့် ပြောလို့လည်း မရဘူးလေနော်။ ကျန်တဲ့သူတွေလည်း အများကြီးရှိတာပဲလေ။ ဒီနှစ်မှာ ဇာတ်ကားကောင်းတွေလည်း အများကြီးရှိသလို သရုပ်ဆောင်တော်တဲ့သူတွေလည်း အများကြီးရှိပါတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Phone Min Nay La

ဘုန်းမင်းနေလ( Phone Min Nay La)ကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ မဂ္ဂဇင်းဓာတ်ပုံတွေ ရိုက်ကူးနေရုံသာမက တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေတယ်လို့ သိရပါတယ်။ မိခင်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ကလည်း သားကို အိမ်ထောင်တစ်ခုကို ဦးဆောင်ရမယ့် ယောင်္ကျားတစ်ယောက် ဖြစ်တာကြောင့် ပညာတတ် တစ်ယောက်ဖြစ်ဖို့ အဓိက ကျတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ် ။ 


ဆက်စပ်အကြောင်းအရာများ



က္က