ကိုယ့်အသက်အရွယ်နဲ့လည်း အဆင်ပြေအောင်ပေါ့။

သက်မွန်မြင့်ကတော့ အသက်အရွယ်နဲ့လိုက်မယ့် ဇာတ်ရုပ်တွေပဲ သရုပ်ဆောင်ရတာ အဆင်ပြေတယ်လို့ဆိုပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေရဲ့ အချစ်ကဘယ်လောက်ထိ ခိုင်မာတယ်ဆိုတဲ့အကြောင်းတွေ ပြောပြလာပါတယ်။

Photo: Amazing Grace



သက်မွန်မြင့်ကတော့ သူမရဲ့ အသက်အရွယ်အရ လိုက်ဖက်တဲ့ ကာရိုက်တာမျိုးကို ရိုက်ရတာ ပိုသဘောကျတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေကလည်း ရုပ်ရှင်ဇာတ်ကားတစ်ကားအပေါ် ခံစားသက်ဝင်မှုက အရင်ကနဲ့ မတူတော့ဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ အခုခေတ် အလုပ်လုပ်တဲ့ပုံစံတွေက အရင်တုန်းကနဲ့ မတူတော့ဘူး။ ကြည့်တဲ့ပရိသတ်တွေကလည်း ကြည့်တဲ့ ပုံစံပြောင်းလာတယ်။ အရင်လို ဇာတ်ကားအရေအတွက်ထက်စာရင် ကိုယ်သဘောကျတာကို နည်းနည်း ချင်းရိုက်တာ ပိုအဆင်ပြေတယ်။ ပြီးတော့ သက်မွန်တို့အခုရောက်နေတဲ့ အသက်အရွယ်အရ ကိုလည်း ချိန်ပြီးတော့ သရုပ်ဆောင်ရတာပေါ့” လို့ သူကဆိုပါတယ်။

Photo: Amazing Grace

နိုဝင်ဘာလ အတွင်းမှာတော့ သက်မွန်မြင့်ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ကလည်း ဆက်တိုက်ဆိုသလို ရုံတင်ပြသခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့်လည်း သူမကို ချစ်တဲ့ ပရိသတ်တွေရဲ့ အားက မလျှော့သွားလို့ ဝမ်းသာမိတဲ့အကြောင်းတွေ ပြောပြခဲ့ပါသေးတယ်။

“ အခုတလော အစ်မရဲ့ ဇာတ်ကားတွေဖြစ်တဲ့ ‘ဘာလာလာ’၊ ‘သခင်ကြီးနဲ့ ငါးပိတို့စရာ’ ၊ ပြီးတော့ ‘ဗိုလ်နေတိုး’ ၊ ပြီးရင် ‘ချည်’ ဇာတ်ကားတင်မယ်ပေါ့။ သက်မွန်ကားတွေက မတင်ရင်လည်း မတင်ဘူး တင်လိုက်တော့လည်း ဆက်တိုက်ဖြစ်နေတော့ သူတို့လေးတွေကို အားနာတယ်။ ကိုယ့်ကို ဝန်းရံရတာ အချိန်ရော၊ လူရော၊ ငွေကြေးရော ကုန်တယ်။ သူတို့ကလည်း သူတို့ရဲ့ မင်းသမီးကို ဝန်းရံမှာပဲဆိုတော့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေ ကို ကျေးဇူးအများကြီးတင်တယ်” နိုဝင်ဘာလ ၁၈ ရက်နေ့က “ဗိုလ်နေတိုး”ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Thet Mon Myint

သက်မွန်မြင့်ကတော့ Music Video တွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ ပရိသတ်ရင်ထဲရောက်လာသူ တစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးအနုပညာရှင်တွေထဲမှာ အရပ်မြင့်မြင့် ချစ်စရာကောင်းတဲ့ ရုပ်ရှည် စကားသံ ဝဲဝဲလေးနဲ့ ဆွဲဆောင်နိုင်သူကတော့ သက်မွန်မြင့်ပါပဲ။ သူမဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က