အလုပ်တွေ မရှိတော့ အမေ့ကို မှီခိုနေတယ်။

စင်သီယာက ဇာတ်ကားတွေ မရိုက်ရတဲ့အချိန်မှာ စက်ချုပ်ပညာကို လေ့လာနေတယ်လို့ ဆိုပါတယ်။ သူမကိုတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ သတိထားမိခဲ့ကြတာပါ။

ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ အားပေးခဲ့တဲ့ စင်သီယာ ကတော့ အခုချိန်မှာ ရိုက်ကူးရေးတွေ သိပ်မရှိတော့ဘူးလို့ဆိုပါတယ်။ ဇာတ်ကားတွေ မရိုက်ရတဲ့ အချိန်မှာတော့ မိဘကို အားကိုးနေမိတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။



‘’ လက်ရှိမှာတော့ အစ်မရဲ့ အမေကို မှီခိုတယ်။ တစ်ခုကတော့ အရင်လို ဝင်ငွေမကောင်းတော့ဘူး။ အရင်လို ခရီးထွက်ချိန်တွေလည်း သိပ်မရှိတော့ဘူး။ အလုပ်မရှိတဲ့အတွက် ဦးနှောက်က တုံးတာ အရမ်းအဆင်မပြေဘူး။ သူငယ်ချင်းတွေနဲ့တော့ တိုင်ပင်နေတယ် အလုပ်တစ်ခုခုလုပ်ဖို့အတွက်ပေါ့။ ချက်ချင်းတော့ အကောင်အထည်မဖော်ရသေးဘူး’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၈ ရက်နေ့က ဇာတ်ပို့သရုပ်ဆောင်ကြီး ဒေါ်ထားကို ကန်တော့ကြတဲ့ ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

အဲဒီနောက်မှာတော့ လက်မှုပညာတစ်ခုအနေနဲ့ စက်ချုပ်ပညာကိုလည်း လေ့လာဖြစ်သေးတယ်လို့ စင်သီယာက ပြောပါတယ်။

‘’အစ်မကတော့ ဇာတ်ကားရိုက်မရှိတဲ့အချိန်မှာ စက်ချုပ်သွားသင်လိုက်သေးတယ်လေ။ ကိုရန်နိုင်ဦးဆီမှာ အပ်ချုပ်ဒါနလေးပေါ့။ အခုကတော့ သီချင်းဆိုတဲ့ Program ရိုက်နေတယ်။ Super Star ပေါ့။ အခု ဒုတိယအဆင့်တက်သွားပြီဆိုတော့အသံသွင်းတာတို့၊ သီချင်းလေ့ကျင့်တာတို့ကတော့ ကိုယ့်ဘာသာကိုယ်လုပ်ဖြစ်တယ်’’ လို့ သူကဆိုပါတယ်။

သူမဟာ သရုပ်ဆောင်အလုပ်ကို ကျွမ်းကျင်ပေမယ့် စက်ချုပ်သင်ရတဲ့ အချိန်မှာ အခက်အခဲတွေ အများကြီးရှိခဲ့သူပါတဲ့။ စက်ချုပ်သမားတွေရဲ့ ဘဝကို နားလည်ခဲ့ပြီလို့လည်း သူကပြောပါတယ်။

‘’ အစ်မက မိန်းမသိပ်မဆန်ဘူး။ အပ်ချုပ်လုပ်တာတွေ ဘာတွေတော့ အိမ်မှာလုပ်တာမျိုးရှိတယ်။ စင်တီမီတာနဲ့ လုပ်ရတာဆိုတော့ အရမ်းခေါင်းကိုက်တယ်။ ကိုရန်နိုင်ဦးကလည်း ပညာဒါန ၅ ရက်လုပ်မယ်ဆိုတော့ သွားတက်လိုက်တယ်။ အဲဒီအချိန်မှာ ခေါင်းက ကိုက်တာ ဘယ်လိုမှ မခံနိုင်ဘူး။ ကိုယ်တိုင်သွားတက်တော့မှ အပ်ချုပ်သမားတွေရဲ့ ဘဝကို တော်တော်နားလည်သွားတာ။ အရင်တုန်းကဆို ကိုယ့်အထည်သွားယူလို့ ချိန်းထားတဲ့ အချိန်မှ မရရင် ဒေါသထွက်တာ။ အခုကျတော့မှ တစ်ထည်လောက်ချုပ်ဖို့ကို တော်တော်ခဲယင်းပါလားလု့ိ တွေးမိသွားတယ်’’ လို့ ဆိုပါတယ်။

စင်သီယာ ကတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ မင်းသမီးရဲ့ သူငယ်ချင်းဇာတ်ကောင်၊ စွာတေးလန် အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်ကောင်အမျိုးအစားတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်လေ့ရှိသူပါ။ သူမကိုတော့ ဗီဒီယို ဇာတ်ကားပေါင်းများစွာကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က