အနုပညာအလုပ်ကို စွန့်လွှတ်မှာ မဟုတ်ပါဘူး။

အိတုံကတော့ အနုပညာအလုပ်လည်း လုပ်မှာဖြစ်သလို ဈေးလည်းရောင်းမယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်ကို ရူးသွပ်တာဖြစ်လို့ မစွန့်လွှတ်ဘူးလို့လည်း သူကပြောပါတယ်။

Photo: Ei Tone



ဇာတ်ပို့သရုပ်ဆောင် အိတုံကတော့ လက်ရှိမှာ Online ကနေ အဝတ်အထည်တွေ၊ အရုပ်တွေ အပြင်၊ အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို ရောင်းချနေတာတွေ့ရပါတယ်။ သူမက ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့လို့ ဈေးရောင်းမယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

“ ဇာတ်ကားရိုက်တွေ ပါးနေတဲ့အချိန်မှာ ဘာမှ မရှိဘူးဆိုတာ မဖြစ်ရအောင် လုပ်တာဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။ အနုပညာသမားတိုင်းကတော့ အနုပညာအလုပ်ကို ရူးသွပ်တယ်။ ဒါကို မရူးသွပ်ရင် ဒီအလုပ်ကို လုပ်လို့မရဘူး။ ကိုယ်လည်း ရူးသွပ်ပါတယ်။ ဒါပေမယ့် မရှိတဲ့အရာကို ထိုင်ပြီး ရူးသွပ်နေလို့မှ မရတာနော်။ မရှိတဲ့အချိန်မှာ မရှိသလိုလေး ကိုယ်လုပ်ထားရမယ်။ အနုပညာအလုပ်ကို စွန့်လွှတ်သွားမှာမဟုတ်ဘူး။ ဇာတ်ကားရိုက်ပါးသွားတာတွေကိုတော့ မအိတုံလည်း မပြောတတ်ပါဘူး။ ဇာတ်ကားရိုက်တွေရှိရင် ရိုက်မယ်။ မရှိရင် ဈေးရောင်းမယ်” လို့ သူကဆိုပါတယ်။

Photo: Ei Tone

အိတုံက လက်ရှိမှာ ကိုယ်ပိုင်စီးပွားရေးအလုပ်၊ အနုပညာအလုပ်တွေနဲ့ မအားလပ်ရအောင် အလုပ်များနေတဲ့အချိန်မှာ မိသားစုကိုလည်း အချိန်ပေးရတယ်လို့ ဆိုပါတယ်။ လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝလေးကိုလည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။

“ အိတုံရဲ့ လက်ရှိမိသားစုဘဝလေးကတော့ စိတ်ချမ်းသာတယ်။ ပျော်ဖို့ကောင်းတယ်။ မိသားစုရေးရာနဲ့ ပတ်သက်လာရင်တော့ အစ်မက အေးအေးဆေးဆေးပဲ။ ကံကောင်းတယ်။ ခင်ပွန်းကတော့ နိုင်ငံခြားသားကား မောင်းနေပါတယ်။ အိတုံ အပျိုတုန်းကတော့ သူက သရုပ်ဆောင်လုပ်တာပေါ့။ ကိုယ်နဲ့ ယူတော့မယ်ဆိုတဲ့အချိန်မှာ အနုပညာအလုပ်တွေ မလုပ်ခိုင်းတော့ဘူး။ ယောကျ်ားလေးဆိုတာက အိမ်ထောင်တစ်ခုတည်ထောင်ဖို့အတွက် အလုပ်တစ်ခုတော့ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ လိုတယ်လေ။ ဒါကြောင့်ပါ” ဆိုပြီးတော့ နိုဝင်ဘာလ ၂၃ ရက်နေ့က “ဆန္ဒဖော်ထုတ်မယ်” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Ei Tone

အိတုံရဲ့ သမီးလေး နှိုင်းတုနဒီ(ခ)ထက်ထက်ကတော့ လက်ရှိမှာ Future Stars Pre-School မှာ မူကြိုတက်နေတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ အိတုံရဲ့ သမီးလေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် တစ်ဦးလည်း ဖြစ်ပါတယ်။ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အိတုံတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမရဲ့ခင်ပွန်းဖြစ်သူ ကို နေမျိုးကလည်း တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုနေမျိုးဟာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူူး။ အိတုံကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု နည်းနေတာကြောင့် online shopping လုပ်နေတာလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က