သရုပ်ဆောင် အလုပ်က ကျွန်တော်နဲ့ အဆင်မပြေဘူး။

ဝေကြီး ကိုတော့ ဇာတ်ကားရိုက်ဖို့ လာရောက်ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆိုလိုက်ရပါတယ်တဲ့။ သရုပ်ဆောင် အလုပ် လုပ်သွားမှာလည်း မဟုတ်ဘူးလို့ သူကပြောပါတယ်။ 

Photo; Wai Gyi



အောင်မြင်တဲ့ လူငယ်တေးရေးဆရာတစ်ယောက်ဖြစ်တဲ့ အဆိုတော် ဝေကြီးကတော့ သရုပ်ဆောင်အလုပ်ကို ဝါသနာမပါဘူးလို့ပြောပါတယ်။ သူ့ကို ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းတာတွေရှိပေမယ့် လက်မခံခဲ့ဘူးလို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။ 

“သရုပ်ဆောင်အလုပ်က ကျွန်တော်နဲ့ တကယ် မကိုက်ညီပါဘူး။ ဟိုတစ်လောကတော့ လာပြီး ကမ်းလှမ်းထားတာမျိုးတော့ရှိတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း မလုပ်လည်း မလုပ်နိုင်ပါဘူး။ ကိုယ်လည်း မကျွမ်းကျင်၊ ခြေတောင်မချဖူးတဲ့ အလုပ်တစ်ခုကို လုပ်ဖို့လည်း အစီအစဉ်လည်း မရှိသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း မရှိဘူးဖြစ်နေတာပါ” လို့ သူကဆိုပါတယ်။ 

Photo: Ka Py

ဝေကြီးကိုတော့ Music Video တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။ ဒီလို သရုပ်ဆောင်တာမျိုးကတော့ ဂီတမောင်နှမအချင်းချင်း အကူအညီတောင်းလို့ရိုက်ဖြစ်ခဲ့တာလို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က အဆိုတော်ဝိုင်းလေးရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအကြောင်း မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

“သရုပ်ဆောင်လုပ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မမိုင်လေးတု့ိ၊ မပွင့်တို့၊ မခေမီကိုတို့ သီချင်းတွေမှာ ဝင်သရုပ်ဆောင်တာကလည်း ကိုယ်နဲ့ရင်းနှီးတဲ့ ညီအစ်ကိုမောင်နှမတွေဖြစ်လို့ပါ။ သူတို့ကလည်း အကူအညီလာတောင်းတဲ့အချိန်မှာ ကိုယ်လည်း လုပ်ပေးနိုင်တဲ့ အင်အား၊ ဘဝအတွက် အမှတ်တရလေးများ ဖြစ်မလား ဆိုပြီးတော့ ပေါ့ပေါ့ပါးပါးလေး သရုပ်ဆောင်မိသွားတာပါ။ တေးရေးအလုပ်တောင်မှ ခက်ခက်ခဲခဲကြိုးစားလာရတာ သရုပ်ဆောင်အလုပ်ဆိုရင် ကျွန်တော် ထမင်းငတ်သွားလိမ့်မယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Wai Gyi

ဝေကြီး ကိုယ်တိုင် သီဆိုပြီး အောင်မြင်ခဲ့တဲ့ သီချင်းတွေကတော့ “တိမ်ငိုသောနေ့” ၊ “ သတိရတာထက်ပိုတယ်” ၊ “အသည်းကွဲ”၊ “လိုင်းပေါ် မတင်ပါနဲ့” စတဲ့ သီချင်းတွေကို ဝေကြီး ဆိုခဲ့တာပါ။ သူကိုယ်တိုင်ရေးသားပြီး အဆိုပညာရှင်တွေ သီဆိုခဲ့တဲ့ သီချင်းကတော့ “ဆေး” ၊ “အဖြူရောင်” ၊ “အသည်းကွဲ ဧည့်သည်” ၊ “အလကားပဲ” ၊ “အသည်းကွဲ အထိမ်းအမှတ်” စတဲ့ သီချင်းတွေကလည်း လက်ရှိမှာ အရမ်းကို အောင်မြင်နေတာ တွေ့ရပါတယ်။ သူကိုယ်တိုင်ရေးသားထားတဲ့ သီချင်းတွေလည်း အများကြီး ထပ်ရှိပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က