ရွှေမှုံကိုလည်း သီလရှင်ဝတ်စေချင်တဲ့အကြောင်းပြောလာပါတယ်။

ရွှေထူးက သင်္ကြန်မှာ သီချင်းတွေ မဆိုဖြစ်ရင် ဘုန်းကြီးဝတ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ 

Photo: Htoo Khant



ရွှေထူးကတော့ သူ့ရဲ့ သင်္ကြန်အစီအစဉ်ကို ပြောပြလာပါတယ်။ လက်ရှိမှာတော့ သင်္ကြန်ကျင်းပခွင့်မပြု တော့ဘူးလို့ သိရတာကြောင့် သီချင်းတွေ ဆိုဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

“ သင်္ကြန်မှာ တကယ်လို့များ ကျွန်တော် အလုပ်မလုပ်ဖြစ်ခဲ့ရင် သီချင်းမဆိုဖြစ်ခဲ့ရင်ပေါ့ ဘုန်းကြီး ဝတ်ဖြစ်မယ်လို့ ထင်ပါတယ်။ မိန်းမကလည်း ဘုန်းကြီးဝတ်မှာကို ခွင့်ပြုတာပေါ့။ ရဟန်းအမ ဖြစ်ချင်တာပေါ့ သူလဲ။ ပျော်သလောက် ဝတ်မှာပါ။ ဘုန်းကြီးဝတ်မယ်လို့လည်း အစကတည်းက တွေးထားတာပါ။ ရွှေမှုံကိုလည်း သီလရှင် ဝတ်စေချင်တာပေါ့” ဆိုပြီးတော့ သဘောကျရင်း ပြောပြလာပါတယ်။ 

Photo: Htoo Khant

ရွှေထူးကတော့ အခုဆိုရင် Media 7 နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်ဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်တွေ စလုပ်ကတည်းက Media 7 နဲ့ ဇာတ်ကားတွေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ရွှေထူးဟာ Media 7 နဲ့ လက်တွဲပြီး ရုပ်ရှင်ကားကြီးတွေ၊ သီချင်းအသစ်တွေ ပုံဖော်သွားမယ်လို့ သိရပါတယ်။ 

Photo: Amazing Grace

ရွှေထူးကတော့ အခုဆိုရင် ဂီတအလုပ်တွေသာမက သရုပ်ဆောင်အလုပ်ကိုပါ တစိုက်မတ်မတ် ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ သရုပ်ဆောင် အလုပ်နဲ့ ပတ်သက်လာရင် ဇနီးဖြစ်သူရဲ့ အကူအညီတွေ ရတယ်လို့ ဆိုပါတယ်။ 

“ ဇာတ်ကားရိုက်တာတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ဘာသာ ကျွန်တော်ပဲ ဆုံးဖြတ်တာပါ။ ကျွန်တော်က သူ့ထက်တောင် ချေးများသေးတယ်။ ဒါကြောင့် ကျွန်တော့် စိတ်ကြိုက်လုပ်ခွင့်ပေးထားတယ်။ ကျွန်တော်နားမလည်တဲ့ တချို့အပိုင်းလေးတွေကို သူပြောပြတာဆိုတော့ သူ့ဆီက အကြံဉာဏ်အမြဲ တောင်းဖြစ်ပါတယ်” ဆိုပြီးတော့ မတ်လ ၁၅ ရက်နေ့က Media 7 နဲ့ အနုပညာရှင်တို့ရဲ့ စာချုပ်ချုပ်ဆိုပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 


Photo: Htoo Khant

ရွှေထူးကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဂီတနဲ့ပတ်သက်ပြီး ‘’စိတ်ကူးယဉ်စာအုပ်’’ ၊ ‘’I’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိခဲ့ပါတယ်။ သရုပ်ဆောင်အနေနဲ့ကတော့ ပထမဦးဆုံးဇာတ်ကားအဖြစ် ‘’ပက်ပက်စက်စက်ညှို့’’ ဆိုတဲ့ရုပ်ရှင်ကားကြီး၊ ‘’ဧည့်သည်’’ ရုပ်ရှင်ကားကြီး၊ ‘’ဒဏ္ဍာရီမိုး’’ ရုပ်ရှင်ကားကြီး တို့အပြင် လက်ရှိမှာ "ကမ်း" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း မကြာသေးခင်က ဇနီးဖြစ်သူ ရွှေမှုံရတီနဲ့ ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က