အခုဆိုရင် ကိုယ်ပိုင်စီးပွားရေး၊ ကိုယ်ပိုင် မိသားစုလေး ပိုင်ဆိုင်လာပြီဖြစ်ပါတယ်။

မင်းထက်ကျော်ဇင်ကတော့ ၁၁ နှစ်ကျော်ကြာ အနုပညာအလုပ်တွေ မလုပ်ဖြစ်ခဲ့တဲ့ အချိန်မှာ စီးပွားရေးနဲ့ ကိုယ်ပိုင် မိသားစုဘဝလေးကို တည်ထောင်ထားတယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ သူဟာ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးတော့မယ်လို့ဆိုပါတယ်။

Photo: Min Htet Kyaw Zin



အက်ရှင်မင်းသားချောတစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးခဲ့ကြတဲ့ သရုပ်ဆောင်မင်းထက်ကျော်ဇင်ကတော့ အနုပညာလောကနဲ့ ဝေးကွာခဲ့တာ ၁၁ နှစ်ရှိပါတယ်။ ၂၀၁၉ ခုနှစ်။ နိုဝင်ဘာမှာစပြီးတော့ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်တော့မယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အစ်ကို စာချုပ်ချုပ်ပြီးတော့ ဇာတ်ကားတွေရိုက်တာ ၂၀၀၈ ခုနှစ်မှာ ပြည့်သွားခဲ့တယ်။ အဲဒီအချိန်မှာ ခေါင်းဆောင်အနေနဲ့ ဇာတ်ကား ၃ ကားရိုက်ပြီးတော့ စာချုပ်ပြီးသွားတယ်ပေါ့။ နောက်ထပ် စာချုပ်ချုပ်ဖို့ ကမ်းလှမ်းလာတာတွေရှိတယ် မင်းသားနှစ်ယောက်တွဲမယ်။ တစ်ယောက်တစ်လှည့် မင်းသားဖြစ်ချင်လည်းဖြစ်မယ်ပေါ့။ ကိုယ့်တစ်ယောက်တည်းကို ခေါင်းဆောင်အနေနဲ့ သွားတဲ့ ဇာတ်ကားမျိုး ချုပ်တာ မဟုတ်ဘူး။ အဲဒီတုန်းက ငြင်းခဲ့တယ်။ ဇာတ်ကားရိုက်လည်း ကျဲသွားတယ်’’ လို့ သူကဆိုပါတယ်။

Photo: Min Htet Kyaw Zin

မင်းထက်ကျော်ဇင်ဟာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့တဲ့ အချိန်အတွင်းမှာတော့ စီးပွားရေးအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

‘’ ၂၀၁၀ မှာ အစ်ကို စီးပွားရေးလုပ်တယ်။ ရည်ရွယ်ပြီးတော့ နားလိုက်တာမဟုတ်ဘူး။ ဇာတ်ကားရွေးရင်း ရွေးရင်းနဲ့ တဖြည်းဖြည်း အလှမ်းဝေးသွားတာ။ စီးပွားရေးကို လုပ်လိုက်တဲ့အချိန်မှာ အနုပညာအလုပ်ဘက်ကို ပြန်မလှည့်နိုင်တော့ဘူး။ အစ်ကိုက စီးပွားရေးနဲ့ ပတ်သက်ပြီး သင်တန်းတွေတက်၊ ကျောင်းတွေ တက်ရတယ်။ အလုပ်ဘက်ကို ပိုဦးစားပေးလိုက်ရတာပေါ့နော်။ အခုတော့ ၁၀ နှစ်ကျော်ကျော် စီးပွားရေးလောကထဲမှာ အလုပ်လုပ်ပြီးတော့ အဆင်ပြေလာတဲ့အချိန်မှာ အနုပညာအလုပ်တွေ ပြန်လုပ်တဲ့ သဘောပါပဲ’’ ဆိုပြီးတော့ အောက်တိုဘာလ ၃၁ ရက်နေ့က ‘’တစစ်တမတ်’’ ဇာတ်လမ်းတွဲ ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Min Htet Kyaw Zin

မင်းထက်ကျော်ဇင်ဟာ အနုပညာရှင်တစ်ယောက်အဖြစ်ကနေ စီးပွားရေးလုပ်ငန်းဘက်ကို ကူးပြောင်းသွားခဲ့တဲ့ အချိန်မှာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။

‘’ စီးပွားရေးမှာက ခံစားချက်ကို ဦးစားပေးလို့မရဘူး။ ကိုယ့်ရဲ့ အရည်အချင်းသည် ကိုယ့်ရဲ့ ဦးနှောက်မှာ သွားပြီးတော့ တည်တယ်ပေါ့နော်။ ဦးနှောက်ကို သွားပြီးတော့ ဦးစားပေးရတယ်။ ပြီးတော့ လုပ်တာကိုင်တာက အစ ပိုပြီးတော့ Smart ဖြစ်တယ်လို့ ယူဆတယ်။ အနုပညာအလုပ်တွေကျတော့ လွတ်လပ်နေမှ၊ Free ဖြစ်နေမှ Creation ဘက်ကို သွားတာဆိုတော့ လွတ်လပ်နေမှ ပိုပြီးတော့ အလုပ်လုပ်လို့ကောင်းတယ်။ စီးပွားရေးမှာက ကိုယ်တစ်ခုပြောတယ်ဆိုရင် ဒီစကားက အတည်ပဲ ပြင်ခွင့်မရှိဘူးပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Min Htet Kyaw Zin

မင်းထက်ကျော်ဇင် (Min Htet Kyaw Zin)ကတော့ အခုဆိုရင် ဇနီးဖြစ်သူ နန်းသန္တာနဲ့ သားလေးတစ်ယောက်ပို င်ဆိုင်ထားတာဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးနဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာလည်း တွေ့ရပါတယ်။ သူ့ကိုတော့ အက်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ သိရှိလာခဲ့ကြတာပါ။ ယောက်ျားပီသတဲ့ ရုပ်ရှင်၊ ခန္ဓာကိုယ်အချိုးအစားတွေကြောင့်လည်း မိန်းကလေး ပရိသတ်တွေက ပိုသတိထားမိခြင်း ခံခဲ့ရတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က