သူ့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ရိုက်ကူးဖို့ပါ။

မိုးဟေကိုရဲ့ အနုပညာလှုပ်ရှားမှုတွေကိုတော့ လက်ရှိရုံတင်နေတဲ့ ‘’ပပဝတီ စီရင်ခန်း’’ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင်တွေ့နိုင်ပါတယ်။ လက်ရှိမှာတော့ အလုပ်ထက် မိခင်ဖြစ်သူကို ပိုဂရုစိုက်နေတယ်လို့ ဆိုပါတယ်။

Photo: Li John



မိုးဟေကို ကတော့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့် လာကမ်းလှမ်းလာတဲ့ ဇာတ်ကားတွေကို လက်ခံရိုက်ကူးဖို့ သိပ်မသေချာဘူးလို့ သိရပါတယ်။ ဒါပေမယ့် သူမရဲ့ စိတ်နဲ့ ထပ်တူကျမယ့် ဇာတ်ကားမျိုးဆိုရင်တော့ ရိုက်ကူးသွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ပြောပြလာပါတယ်။

‘’ မိုးကိုယ်တိုင်ပါဝင်မယ့် ဇာတ်ကားတွေကျပြန်တော့လည်း ဇာတ်လမ်း အနေအထားအပေါ် မူတည်ပြီးတော့ အမေ့ ကျန်းမာရေးကလည်း အားလုံး သင့်တော်တယ် ဆိုရင်တော့ ဇာတ်ကားတွေ ပြန်ရိုက်ဖြစ်မယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၅ ရက်နေ့က Bella Star Talk ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

 

Photo: Moe Hay Ko ဇ

မိုးဟေကို က သူမရဲ့ ‘’မိုး’’ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေ ရုံတင်ဖို့ ကျန်သေးတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ကားပေါင်း စုစုပေါင်း ၁၀ ကားရိုက်ထားတယ်လို့လည်း သူကပြောပါတယ်။

‘’ ရိုက်ထားတာတွေကတော့ အားလုံး ရုံတင်ဖို့ ၄ ကား စောင့်နေပါတယ်။ အဲဒီဇာတ်ကားတွေ ပြီးသွားရင်တော့ ဘယ်လို အပြောင်းအလဲလေးနဲ့ ဘယ်လိုပုံဖော်ရိုက်ကြမလဲဆိုတာကို ဇာတ်လမ်းလည်း ရှာနေပါတယ်။ အခုက ၁၀ ကားမြောက်မှာ ၆ ကားရုံတင်ပြီးပြီဆိုတော့ ၄ ကားရုံတင်ဖို့ ကျန်ပါသေးတယ်’’ လို့ သူကဆိုပါတယ်။

Photo: Li John

မိုးဟေကို ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ပပဝတီစီရင်ခန်း’’ရုပ်ရှင်ဇာတ်ကားကြီးကလည်း ဒီနေ့ ( အောက်တိုဘာလ ၁၀) ရက်နေ့က စပြီး ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ဝိုင်းက ရိုက်ကူးပုံဖော်ထားတာပါ။ ‘’ပပဝတီ စီရင်ခန်း’’ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ဖွေးဖွေးနဲ့ မိုးဟေကို တို့ရဲ့ အားပြိုင်သရုပ်ဆောင်မှုတွေကို မြင်တွေ့ရမှာပါ။

Photo: Li John

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ အဲဒါအပြင် သူမ မိခင်ရဲ့ ကျန်းမာရေးကိုလည်း စောင့်ရှောက်ပေးနေတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း Fashion နဲ့ ပတ်သက်တဲ့ ကြော်ငြာတွေ၊ ကာဗာတွေ ရိုက်ကူးနေတာဖြစ်ပြီး ပွဲတွေ တက်ဖြစ်နေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က