MC လုပ်နေတော့ ဇာတ်ကားရိုက်ဖို့ လာကမ်းလှမ်းတာတွေ မရှိဘူး။

ဇေယျကတော့ ဝါသနာပါတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ မိသားစုနဲ့ အတိုက်အခံလုပ်ပြီး အနုပညာလမ်းကြောင်းကို လျှောက်လှမ်းခဲ့ရသူပါ။ ဒါပေမယ့် အရင်တုန်းကလို ဇာတ်ကားတွေ တစိုက်မတ်မတ် ပြန်ရိုက်ချင်တဲ့အကြောင်းတွေ ရင်ဖွင့်လာပါတယ်။

Photo: Zay Ya



သရုပ်ဆောင် ဇေယျကတော့ အနုပညာအလုပ်အပေါ်ထားတဲ့ သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ အခုလက်ရှိမှာလည်း အနုပညာအလုပ်နဲ့ အနည်းငယ် ဝေးကွာနေတဲ့အကြောင်းကို Duwun Media ကနေ ပြောပြလာပါတယ်။

“ အခုက ကျွန်တော် အစီအစဉ်တင်ဆက်သူ လုပ်နေတော့ အနုပညာအလုပ်နဲ့လည်း နည်းနည်းဝေးသွားတယ်။ ကိုယ့်ကို ခေါ်ရိုက်မယ့်လူက မရှိဘူးဆိုတော့လည်း မရိုက်ဖြစ်ပါဘူး။ ကျွန်တော်က သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ဆေးစက်ကျရာ အရုပ်ထင်ရမှာပါ။ ကိုယ်အရုပ်ထင်ရ မယ့်အရာကို ကိုယ်တကယ်လုပ်နိုင်မှသာ ကျွန်တော်က ရိုက်မှာပါ” လို့ သူကဆိုပါတယ်။

Photo: Aroma

ကိုယ်တိုင်ကလည်း အရင်ကလို အနုပညာအလုပ်တွေ တစိုက်မတ်မတ် မလုပ်ဖြစ်တဲ့အခါမှာ စိတ်မကောင်းဖြစ်တယ်လို့ ဇေယျက ပြောပါတယ်။ သူ့ကို အားပေးနေတဲ့ ပရိသတ်တွေ ရှိသေးတာကြောင့်လည်း ပျော်တယ်လို့ ဆိူပါတယ်။

“ကျွန်တော့် လိုအပ်ချက်တွေ အများကြီးရှိလို့ပါ။ ဒါကြောင့်လည်း အနုပညာလောကနဲ့ နည်းနည်း အဆက်အသွယ်ပြတ်သွားတာပေါ့။ ကျွန်တော်ကိုယ်တိုင်ကလည်း ဆက်ပြီးကြိုးစားဖို့တွေ လိုပါသေးတယ်။ အခွင့်အခါသင့်ရင်တော့ ပရိသတ်တွေအတွက် ကျွန်တော့်ရဲ့ အနုပညာအလုပ်တွေကို ချပြခွင့်ရချင်ပါသေးတယ်။” လို့ ဆိုပါတယ်။

Photo: Zay Ya

ဇေယျရဲ့ အနုပညာလုပ်ငန်းအစမှာ မိဘတွေကတော့ အားမပေးခဲ့ဘူးလို့ ဆိုပါတယ်။ အခုဆိုရင်တော့ဇေယျရဲ့ အနုပညာသက်တမ်းဟာ ၁၀ စုနှစ်ကျော်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။

“ သရုပ်ဆောင်အလုပ်ကို တကယ်ချစ်လို့ အိမ်နဲ့ အတိုက်အခံလုပ်ပြီးတော့ လျှောက်ခဲ့တာပါ။ ဒီအလုပ်ကလည်း အကျိုးအကြောင်းတွေ အများကြီး ဆက်စပ်မှ ရမှာလေနော်။ အမှန်အတိုင်းပြောရင်တော့ ကျွန်တော် ပြန်လုပ်ချင်တယ်။ အခွင့်အခါသင့်လို့ ခေါ်ရိုက်မယ့်သူရှိလာရင် ပြန်လုပ်ဖြစ်မှာပါ”လို့ ဆိုပါတယ်။

Photo: Zay Ya

သရုပ်ဆောင် ဇေယျကိုတော့ Music Video တွေကနေတဆင့်၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူ့ကို ပရိသတ် သတိထားမိခဲ့တဲ့ ထူးခြားမှုတွေကတော့ ရုပ်လေး ချောသလောက် ဟာသဉာဏ်ရွှင်တတ်တဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ စကားသံ ဝဲဝဲလေးတွေကလည်း ဇေယျကို ပရိသတ်တွေချစ်တဲ့ အချက်တွေထဲက တစ်ချက်ပါပဲ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က