သမီးလေးတွေကို လွမ်းတဲ့စိတ်နဲ့ အဆင်ပြေမယ် မထင်ဘူး။

ချစ်သုဝေကတော့ သရုပ်ဆောင်အလုပ်နဲ့ အနည်းငယ်ဝေးကွာနေတာဖြစ်သလို လာကမ်းလှမ်းရင်လည်း အဆင်မပြေတာများတယ်လို့ဆိုပါတယ်။ 

Photo: Chit Thu Wai



ချစ်သုဝေကတော့ သရုပ်ဆောင် အလုပ်တွေ ပြန်လုပ်ချင်တဲ့ဆန္ဒရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် သူမဟာ ရုပ်ရှင်လောကနဲ့ ဝေးနေတာ ကြာပြီလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“မမကို ပရိုဂျူဆာတွေက မေ့နေကြပြီထင်ပါတယ်။ အစ်မက သရုပ်ဆောင်လောကထဲမှာ မရှိတာလည်းကြာပြီ။ ကိုယ့်ရဲ့ တခြားအနုပညာအလုပ်လေးတွေပဲ လုပ်ဖြစ်တယ်။ လာကမ်းလှမ်းရင်လည်း ကိုယ့်အတွက် အဆင်မပြေတဲ့အရာလေးတွေလည်းဖြစ်နေတယ်။ အဲဒီတော့ မမလည်း သရုပ်ဆောင်အလုပ်တွေ မလုပ်ဖြစ်သေးဘူး” လို့ ဆိုပါတယ်။ 

Photo: Alinnyoung

သူမဟာ အနုပညာအလုပ်တွေ တစိုက်မတ်မတ်ပြန်လုပ်ဖို့အတွက်လည်း အချိန်မပေးနိုင်သေးဘူးလို့ ချစ်သုဝေက ပြောပါတယ်။ သရုပ်ဆောင် အလုပ်လုပ်ပြန်ရင်လည်း သမီးတွေကို လွမ်းတဲ့စိတ်နဲ့ ကောင်းကောင်းကြိုးစားနိုင်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ 

“အစကတော့ ကိုယ့်စိတ်ကိုယ် တော်တော်ထားတတ်ပြီထင်တာ မေမေ့ကျန်းမာရေးကိစ္စနဲ့ စင်ကာပူကို နှစ်ပတ်လောက်သွားရတော့ သမီးလေးတွေနဲ့ မခွဲစဖူး ခွဲရတာပေါ့။ အဆင်သင့်မဖြစ်သေးတော့ ရင်ဘတ်တွေကို အောင့်နေတာပဲ။ ရက်အရှည်ကြီး သမီးလေးတွေနဲ့ခွဲရရင်လည်း ကိုယ့်အလုပ်မှာ တာဝန်မကျေမှာကို စိုးရိမ်တယ်” ဖေဖော်ဝါရီလ ၁၅ ရက်နေ့က MAC ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့ပါတယ်။ 

Photo: Chit Thu Wai

ချစ်သုဝေ က သူမကိုယ်တိုင်ပါဝင်သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာလေးတွေရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူမဟာ မိသားစုကို ပိုပြီးအချိန်ပေးနေတာကို တွေ့ရပါတယ်။ 

“ ဇာတ်ကား ပြန်ရိုက်မယ် ဆိုရင်တောင် ကိုယ့်ဘာသာကိုယ် ထုတ်လုပ်ရေးထောင်ပြီးတော့ ကိုယ့်ဘာသာကိုယ် ရိုက်မှပဲ အဆင်ပြေမယ်လို့ထင်တယ်။ ကိုယ့်ဘာသာကိုယ် ထုတ်ရိုက်ဖို့လည်း မရှိသေးပါဘူး။ လာကမ်းလှမ်းတဲ့အခါမှာလည်း ကိုယ်လုပ်ချင်တဲ့ ကာရိုက်တာမျိုးလေးဆိုရင်တော့ ပြန်ရိုက်ဖြစ်မယ်။ သရုပ်ဆောင်ရတာ သဘောကျတယ်။ အနုပညာကို ချစ်တယ်။ အားလုံး အဆင်ပြေရင်တော့ ပြန်လုပ်ဖြစ်မှာပါ” လို့ ဆိုပါတယ်။ 

Photo: Chit Thu Wai

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ် အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူတို့ရဲ့ သမီးလေး နှစ်ယောက်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။




ဆက်စပ်အကြောင်းအရာများ



က္က