ပေပေတေတေ နေတတ်တဲ့ ဇာတ်ရုပ်ကို ပိုကြိုက်တယ်။

မူးလာ က သရုပ်ဆောင်ဘက်မှာ ပရိသတ်အားပေးမှုနဲ့ ထိုက်တန်အောင် ကြိုးစားချင်သေးတယ်လို့ ဆိုပါတယ်။ 

Photo: Moo Ler



ပရိသတ်အချစ်တွေ အများကြီးပိုင်ဆိုင်ထားတဲ့ မူးလာ ကတော့ ရုပ်ရှင်ရိုက်ချင်တယ်လို့ ဖွင့်ပြောလာပါတယ်။ သူနဲ့ လိုက်ဖက်မယ့် ကာရိုက်တာလေးတွေကို စဉ်းစားရင်း အချိန်ကုန်တတ်တယ်လို့လည်း သူက ဆိုပါတယ်။ 

“ရုပ်ရှင်ရိုက်ဖို့ လာပြောရင်တော့ ရိုက်ချင်တာပေါေ့နာ်။ ဒါပေမယ့် ကျွန်တော့်ရုပ်နဲ့ ကာရိုက်တာအရ မင်းသားလုပ်ပြန်တော့လည်း မလွယ်ဘူး။ ဇာတ်ပို့ကျပြန်တော့လည်း မဟုတ်သေးပြန်ဘူးဆိုတော့ လူရွှင်တော် တစ်ခန်းပဲ ရိုက်ရမလိုလို၊ ကွမ်းယာပဲ ရောင်းရမလိုလို၊ ဘယ်ပုံစံနဲ့ လိုက်ဖက်မလဲမသိဘူး။ဒီပုံစံမျိုးတွေ တကယ်လည်း ရိုက်ချင်ပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့က Myanmar idol Show ပွဲကို တက်ရောက်ရင်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Moo Ler

မူးလာ ဟာ ဂီတကိုလည်း ဝါသနာပါသူ ဖြစ်သလို ရုပ်ရှင်ဘက်မှာလည်း ကြိုးစားချင်သေးတဲ့ ဆန္ဒကို ဖွင့်ဟပြောပြလာပါတယ်။ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကိုလည်း အားပေးရကျိုးနပ်စေမယ့် ဇာတ်ကားတွေ ရိုက်ကူးမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ တကယ်လို့ ဇာတ်ကားရိုက်ဖို့ လာကမ်းလှမ်းရင်လည်း ဒီဇာတ်ကားဟာ ပရိသတ်တွေအတွက် အကျိုးပြုမယ်။ ကောင်းတဲ့ သင်ခန်းစာမျိုးပေးနိုင်မယ်။ အနည်းဆုံးကတော့ လူတစ်ယောက် ပြောင်းလဲသွားနိုင်တဲ့ ကာရိုက်တာမျိုးဆိုရင်တော့ ကောင်းတာပေါ့နော်။ အနုတ်စုတ်၊ ဂုတ်စုတ် ပုံစံမျိုးကို သဘောကျတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း အပြင်မှာ ပေပေတေတေပဲ နေတာဆိုတော့လေ” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Moo Ler

မူးလာကိုတော့ Myanmar Idol(Season-4) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ဂီတကို ဝါသနာပါလွန်းသူဖြစ်တာကြောင့် မိသားစုနဲ့ အတိုက်အခံလုပ်ပြီး ဂီတလမ်းကြောင်းအပေါ် လျှောက်လှမ်းလာတာလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ပြောပြခဲ့ဖူးပါတယ်။ အခုဆိုရင်တော့ မူးလာဟာ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲ Top-5 အဆင့်ထိ Voting နံပတ်ကတော့ 77710 နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က