ဝင်ငွေမရှိပဲ ထွက်ငွေက ပိုများနေတယ်။

ဇာတ်ပို့သရုပ်ဆောင် အေဏီဇော်ဟာ ရိုက်ကူးရေးတွေ နားပြီး အိမ်မှာနေရပေမယ့် မိသားစုစားဝတ်နေရေး က ရှိတာထက် ပိုပြီး ကုန်ကျမှုများနေတယ်လို့ ဆိုပါတယ်။ 

Photo: A Ne Zaw



အေဏီဇော်ကိုတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ သိကြမှာပါ။ အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ မိသားစု စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရတာတွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ ဇာတ်ကားပြန်ရိုက်ဖို့ကျတော့လည်း အခုက မူတွေတော့ ထုတ်နေတာပဲလေ။ အစ်မရိုက်ထားတဲ့ ဇာတ်လမ်းတွဲတွေလည်းရှိတယ်။ မင်္ဂလာရွာ အတွဲ(၃) ပေါ့နော်။ ဇာတ်ကားတွေ မရိုက်ရတဲ့ အခါကျတော့ ငွေရေးကြေးရေး အခက်အခဲကတော့ အကုန်လုံးဖြစ်ကြတာပါပဲလေ။ အိမ်မှာနေတာတော့ ဟုတ်ပါပြီ စားရသောက်ရတာတွေလည်း ရှိတော့ ရှိနေတာထက်ကို ပိုကုန်တယ်။ အိမ်မှာ ကလေးကလည်းရှိနေတော့ သူ့အတွက်က အစားအသောက်ကို ပိုဖြည့်နေရတယ်" လို့ ရုပ်ရှင်အစည်းအရုံး အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: A Ne Zaw

အေဏီဇော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ တဆင့် အဝတ်အထည်လေးတွေကို Live လွှင့်ရင်း ဈေးရောင်းနေတာ တွေ့ရပါတယ်။ Covid ကာလဖြစ်တာကြောင့် အပြင်မထွက်ရတဲ့အခါ သူငယ်ချင်းတွေကိုလည်း လွမ်းတယ်လို့ သူက ဆိုပါတယ်။ 

“ Covid ဖြစ်တဲ့ အချိန်မှာ အစ်မကတော့ ထွေထွေထူးထူး အခက်အခဲမရှိပေမယ့် အပြင်မထွက်ရတဲ့ အခက်အခဲတော့ ဖြစ်တယ်။ အစ်မက အပေါင်းအသင်းဆိုလည်း ငယ်သူငယ်ချင်းတွေလောက်ပဲ ပေါင်းဖြစ်တာ များတယ်။ သူတို့နဲ့တောင် မတွေ့ဖြစ်တော့ အရမ်းလည်း ပျင်းတယ်။ အိမ်မှာနေနေတဲ့ တစ်လ ခွဲ၊ နှစ်လ အတွင်း ငါ ဘာဖြစ်နေပြီလဲ ဆိုတာတောင် ဆိုက်ကိုတွေဖြစ်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: A Ne Zaw

အေဏီဇော်ဟာ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာလည်း သူမကို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သိပ်မတွေ့ရတော့ပေမယ့် ရုပ်သံဇာတ်လမ်းတွဲတွေမှာတော့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ အေနီဇော်ရဲ့ အနုပညာသက်တမ်းကတော့ အခုဆိုရင် (၁၀)စုနှစ်ကာလကို ရောက်ရှိလာပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က