လက်ရှိမှာ ဆေးမှင်ရည်ချည်သောကြိုး ဇာတ်လမ်းတွဲရိုက်ကူးနေပါတယ်။

နန်းဆုဦးကတော့ ဗီဒီယို ဈေးကွက်အခြေအနေကြောင့် ပရိသတ်တွေကို အနုပညာတင်ဆက်မှုတွေ လျှော့နည်းသွားမှာစိုးပါတယ်တဲ့။ ဒါကြောင့် လက်ရှိမှာ ဇာတ်လမ်းတွဲတွေရိုက်ကူးနေတာ တွေ့ရပါတယ်။


Photo: Nan Su Oo

နန်းဆုဦးက လက်ရှိမှာ ‘’ဆေးမင်ရည် ချည်သောကြိုး’’ ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေတာဖြစ်ပါတယ်။ သူမဟာ အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ လက်ခံရိုက်ကူးဖြစ်လာတယ်လို့ ဆိုပါတယ်။

’'ဇာတ်လမ်းတွဲကျတော့ ၂ လဆိုလည်း ၂ လပေါ့။ နန်းဆုနဲ့ အဆင်ပြေတယ်လို့လည်း ခံစားရတာကြောင့် ဇာတ်လမ်းတွဲတွေလည်း ရိုက်သွားမှာပါ။ April 25 ဆိုရင်တော့ မဟူရာ ရုပ်ရှင်ရုံ ဆိုတဲ့ရုပ်ရှင်ကားကြီး ရုံတင်ဖို့ရှိပါတယ်’’ ဆိုပြီးတော့ ‘’ကျွန်မ ချစ်သော ယောကျ်ား သုံးယောက်”ရုပ်ရှင်ကားကြီး အထူးပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Nan Su Oo

နန်းဆုဦးကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ တွေ့ရနည်းပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ဗီဒီယိုရိုက်ကူးမှုနည်းသွားတာကြောင့် ပရိသတ်တွေနဲ့ အဆက်ပြတ်သွားမှာစိုးတဲ့အတွက် ဇာတ်လမ်းတွဲရိုက်ကူးဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘‘အခုနောက်ပိုင်း ဗီဒီယိုတွေကလည်း ဆက်တိုက် မထွက်နိုင်တော့ဘူး၊ ရုပ်ရှင်ကားကြီးတွေကျတော့လည်း တစ်နှစ်မှ တစ်ခါ၊ ၆ လမှ တစ်ခါဆိုတော့ နန်းဆု ပရိသတ်တွေအတွက် နန်းဆု အနုပညာလှုပ်ရှားမှုတွေကို အရင်ကထက်စာရင် နည်းသွားမှာလည်းစိုးတာလည်းပါတယ်’’ လို့ သူကဆိုပါတယ်။

ဆေးမှင်ရည်ချည်သောကြိုး ရုပ်သံဇာတ်လမ်းတွဲထဲမှာ နန်းဆုဦးက ကျန်းမာရေးချူချာပြီး၊ အနေအေးတဲ့ ကောင်မလေးတစ်ယောက် အဖြစ် ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နန်းဆုဦးနဲ့အတူ ခါရာ၊ တိုင်ရွန် နဲ့ ဟန်လေးတို့က အဓိက ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာသားညီက ပုံဖော်ရိုက်ကူးနေတာပါ။



Photo: Nan Su Oo

နန်းဆုဦးကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာလည်းရိုက်ကူးထားသူဖြစ်ပါတယ်။ အဲဒီနောက် ရုပ်ရှင်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရသူပါ။ သူမရဲ့ အနုပညာသက်တမ်းကတော့ ၄ နှစ်ကျော် ၅ နှစ် ရှိပြီဖြစ်ပါတယ်။



က္က