သူ့ကို ချစ်တဲ့သူတွေ တော်တော်များတယ်။

တင်မောင်ဆန်းမင်းဝင်းရဲ့ သားလေး မင်းရွှေရောင်ထင် ကတော့ ဒါရိုက်တာခင်လှိုင် ရိုက်ကူးမယ့် "ဆိုးပေ" ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။ 

Photo: Min Shwe Yaung Htin



မင်းရွှေရောင်ထင်ကိုတော့ တင်မောင်ဆန်းမင်းဝင်းရဲ့ သားလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သားလေး မင်းရွှေရောင်ထင်ဟာ ဇာတ်မင်းသားအက ကိုလည်း ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပြီး မိုးရာသီအငြိမ့်ပွဲတွေမှာ ဖခင်နဲ့အတူ ဖျော်ဖြေကပြရင်း ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ သူဟာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ " ဆိုးပေ" ဇာတ်လမ်းတွဲထဲက ဆိုးပေ ကာရိုက်တာကို သရုပ်ဆောင်ရမှာလို့ တင်မောင်ဆန်းမင်းဝင်းက Duwun ကို ပြောပြလာပါတယ်။ 

“ ဒီဇာတ်ကားအတွက် မပတ္တမြားက လာပြောတော့ အမှန်အတိုင်းပြောရရင် မရိုက်စေချင်ဘူး။ ကျောင်းစာ ပျက်မှာလည်း စိုးတယ်။ အရင်တုန်းကဆိုရင် သူက ဇာတ်ကနေရတာဆိုတော့ အတန်းတွေလည်း ပျက်ထားရတယ်။ အခုလည်း တစ်လလောက်ရိုက်မှာဆိုတော့ ထပ်ပျက်ရမယ့် သဘော။ ဒါပေမယ့်လည်း ဆိုးပေ ကာရိုက်တာက သူနဲ့အံဝင်ဂွင်ကျဖြစ်နေတော့ ဒါဆိုလည်းရိုက်လိုက်တော့ ဆိုပြီးတော့ ခွင့်ပြုလိုက်တာပါ” လို့ ဆိုပါတယ်။ 

Photo: Khin Hlaing

မင်းရွှေရောင်ထင် ကို တင်မောင်ဆန်းမင်းဝင်းရဲ့ မျိုးစက်သစ်လေးအဖြစ် ချစ်ကြတဲ့ ပရိသတ်တွေ အများကြီးပါ။ အခုဆိုရင် ဆိုးပေဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မယ့် သားလေး မင်းရွှေရောင်ထင်အပေါ် ဖခင်ဖြစ်သူ တင်မောင်ဆန်းဝင်းရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

“ သူကတော့ အနုပညာအရည်အချင်း မပြည့်ဝသေးဘူး။ အခုမှ နှစ်ကားမြောက်ဆိုတော့ သိပ်တော့ စိတ်မချသေးဘူး။ ဇာတ်စင်ပေါ်ပိုင်းကတော့ ပိုင်တယ်။ ပြီးတော့ ကျွန်တော့်ကို ချစ်ကြလို့သူ့ကို ချစ်ကြတာ မဟုတ်ဘူး။ သူ့ကို ချစ်ကြလို့ ကျွန်တော့်ကို အားပေးကြသလို ဖြစ်နေပြီ။ အခုတော့ ဆိုးပေ ကာရိုက်တာအတွက်က သူ့မှာ နည်းနည်းလေး လိုအပ်နေတာ ဆိုတော့ ကိုခင်လှိုင် သင်သွားပါလိမ့်မယ်။ သူ့ဆရာတွေ ကိုထွန်းထွန်းတို့ ကိုခင်လှိုင်တို့ သင်သွားပါလိမ့်မယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

“ ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲထဲမှာ အကယ်ဒမီထွန်းထွန်း၊ ထွန်းဝီရ၊ နောင်ထူး၊ အကယ်ဒမီပိုင်ဖြိုးသု၊ သဇင်ထူးမြင့်၊ ဇော်ဝင်းနိုင်၊ ခင်လှိုင်၊ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံ၊ နန်းခင်မွှေး၊ Gဆိုင်းဂျာ နဲ့ အံ့မင်းညို တို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ကလေးသရုပ်ဆောင်များ အနေနဲ့ မင်းရွှေရောင်တင်၊ လပြည့်ထွန်း၊ သုတအောင်၊ စွမ်းစွမ်း၊ သူရမြင့်မြတ်ကျော်၊ ရှိုင်းဝဏအောင်၊ သုမန်အောင် နဲ့ အိန်ဂျယ်ဝတ်မှုံတို့က ပါဝင်သရုပ်ဆောင် ကြမှာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က