နောက်နေ့တွေမှာလည်း လှူဒါန်းသွားဦးမယ်လို့ သိရပါတယ်။
Sabal Thwin

ရုပ်ရှင်လောကသားများအတွက် CB-KMA Foundation နဲ့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးတို့ ပူးပေါင်းပြီး ဒုတိယအကြိမ်မြောက် စားနပ်ရိက္ခာနဲ့ ထောက်ပံ့‌ငွေ လှူဒါန်းခဲ့တာတွေ့ရပါတယ်။ 

COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ဇာတ်ပို့ဇာတ်ရံ အလွှာမှ သရုပ်ဆောင်များအတွက် CB-KMA Foundation နဲ့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးတို့ ပူးပေါင်းပြီး ဒုတိယအကြိမ်မြောက် စားနပ်ရိက္ခာနဲ့ ထောက်ပံ့‌ငွေ လှူဒါန်းခဲ့တဲ့ အကြောင်း ဒု ဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောလာပါတယ်။ 

“ အခုက တစ်ကမ္ဘာလုံး ဖြစ်နေတာ ဆိုတော့ ကိုယ့်လည်းဖြစ်သလို ကိုယ့်လူတွေလည်း အကုန်လုံး ဒုက္ခရောက်နေတဲ့ အချိန်မှာ အထောက်အကူရအောင်ဆိုပြီးတော့ အလှူအတန်းတွေ လုပ်တယ်။ သူတို့တွေ လိုအပ်တဲ့ဟာ တစ်ခုခုကို ဖြည့်ဆည်းပေးလိုက်နိုင်သလို အဆင်ပြေသွားတော့လည်း ကိုယ်တွေ ဝမ်းသာရပါတယ်” လို့ သူကဆိုပါတယ်။ 

ရုပ်ရှင်လောကသားတွေကို ဒုတိယအကြိမ်မြောက် ဆန်၊ ဆီ နဲ့ ပဲဝေငှခြင်း အစီအစဉ်မှာတော့ ဒီ‌နေ့ မေလ (၂၀) ရက် နဲ့ မေလ(၂၁) ရက်နေ့တွေမှာ မနက်(၉) နာရီကနေ ညနေ(၄) နာရီ အထိ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်များကို ဆန်၊ ဆီနဲ့ ပဲတွေ ဝေငှပေးသွားမယ်လို့ သိရပါတယ်။ မေလ (၂၂) ရက်နေ့ မနက် (၉) နာရီမှ နေ့လည်(၁၂) နာရီ အထိကိုတော့ အုပ်ချုပ်၊ ဖြန့်ချိ၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ စတဲ့ အလွှာအသီးသီးကို ဆန်၊ ဆီနဲ့ ပဲတွေ ဝေငှသွားမှာဖြစ်ပြီး မေလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီမှ ညနေ (၄) နာရီ အထိကိုတော့ တည်းဖြတ်၊ ဗီဒီယို၊ အဓိက သရုပ်ဆောင်၊ ပြဇာတ်နှင့် နောက်ခံတေးဂီ တ အလွှာ တွေကို ဆန်၊ ဆီနဲ့ ပဲတွေ ဝေငှသွားမှာဖြစ်တယ်လို့ ဦးအေးကြူလေးက ပြောပါတယ်။ စားနပ်ရိက္ခာတွေ အပြင် CB-KMA Foundation မှ တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ထည့်ဝင် လှူဒါန်းထားတယ်လို့လည်း သိရပါတယ်။ 

မေလ(၁၉) ရက်နေ့တုန်းကတော့ စက်မှုအလွှာ အဖွဲ့သားတွေကို အိမ်တိုင်ရာရောက် စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်ပေးခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိလူကြီးမင်းများဟာ မေလ(၄) ရက်နေ့နဲ့ မေလ(၅) ရက်နေ့တွေ တုန်းကလည်း စားနပ်ရိက္ခာ အခက်အခဲ ကြုံနေရတဲ့ ရုပ်ရှင်လောကသားတွေအတွက် ပထမအကြိမ် ဆန်၊ ဆီ များကို ဝေငှ လှူဒါန်းခဲ့တယ်။




ဆက်စပ်အကြောင်းအရာများ


က္က