နိုဝင်ဘာလ ၂၈ရက်နေ့မှာ မီးသဂြိုဟ်ခဲ့ပါတယ်။

ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ရုပ်အလောင်းကို ဒီနေ့(နိုဝင်ဘာလ ၂၈) ရက်နေ့မှာ မီးသဂြိုဟ်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ကျောက်ကပ်ဝေဒနာကို ၂ နှစ်အကြာ ခံစားခဲ့ရတာပါ။ 

ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ ဈာပနကိုတော့ နိုဝင်ဘာလ ၂၈ ရက်နေ့က ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ အနုပညာလောကက ဇာတ်ပို့သရုပ်ဆောင်များစွာလည်း တက်ရောက်လာတာ တွေ့ရပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်အတွက် လွမ်းသူ့ပန်းခွေကိုတော့ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့အတူ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်၊ ကိုလူချောအဖွဲ့နဲ့ ဦးကျော်သူ+ ဒေါ်ရွှေဇီးကွက်တို့က ပို့ဆောင်ပေးခဲ့ကြပါတယ်။



ကစ်ကစ်ဟာ ကျောက်ကပ်ဝေဒနာကို ၂၀၁၈ ခုနှစ် နှစ်စပိုင်းကတည်းက ခံစားခဲ့ရတာဖြစ်ပါတယ်။ ကျန်းမာရေး မကောင်းတဲ့အချိန်ကစပြီး အနုပညာအလုပ်တွေ မလုပ်နိုင်တော့တဲ့ သူမဟာ ပရိသတ်တွေကိုတော့ ဘယ်တော့မှ မမေ့ဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ် သြဂုတ်လ အတွင်းမှာတော့ ကစ်ကစ်ရဲ့ ကျန်းမာရေးဟာ အနည်းငယ်ပြန်ကောင်းလာပြီး ပွဲတက်ခဲ့တာတွေလည် းရှိပါတယ်။ သူမရဲ့ ပရိသတ်တွေကို ဟာသပြတ်လုံးလေးတွေပြောပြချင်သေးတယ်လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။

ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၄၀ အချိန်က ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ ကုတင် ၅၀၀ မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ရုပ်အလောင်းကိုတော့ နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ရေဝေးသုသာန်မှာ မီးသဂြိုဟ်ခဲ့ပြီးဖြစ်ပါတယ်။ ရက်လည်ကိုတော့ ဒီဇင်ဘာလ ၂ ရက်နေ့ ကျရင် ယုဇနဥယျာဉ်မြို့တော်၊ ၉၄ ရပ်ကွက်၊ အေ ၆ လမ်း၊ တိုက်နံပတ် ၃ ၊ အခန်းနံပတ် ၀၀၄ နေအိမ်မှာ သံဃာတော်များ ပင့်ဆောင်ပြီး ရက်လည်ဆွမ်းသွပ်တရားတော်နာကြားသွားမယ်လို့ သိရပါတယ်။

ကစ်ကစ်ရဲ့ အနုပညာသက်တမ်းကတော့ နှစ် ၂၀ ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ရတဲ့ ကာရိုက်တာတိုင်းက ပရိသတ်အမြင်ကို သတိထားမိစေခဲ့တာဖြစ်ပါတယ်။ ကစ်ကစ်ဟာ အငြိမ့်၊ ပြဇာတ်နဲ့ ဟာသ အစီအစဉ်တွေမှာ အမြဲတမ်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ပရိသတ် သတိထားမိစေတဲ့အရာကတော့ သူမရဲ့ ရယ်သံပါပဲ။ ကွယ်လွန်သွားတဲ့ အချိန်မှာတော့ အနုပညာ လောကသားတွေရော၊ ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်လို့ နေပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က