ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်တယ်။

မိုးဒီကတော့ ကျန်းမာရေး မကောင်းပေမယ့်လည်း ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေအချင်းချင်း ပြန်တွေ့ရင် အရမ်းပျော်နေမိတယ်လို့ ဆိုပါတယ်။ 

Photo: Moe D



ဟာသသရုပ်ဆောင်ကြီး ဦးမိုးဒီကတော့ ရုပ်ရှင်အစည်းအရုံးမှာပြုလုပ်တဲ့ အလှူကို လာရောက်ရင်း ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေအတူတူ ပြန်ဆုံရတဲ့အခါ အရမ်းဝမ်းသာမိတယ်လို့ လို့ ဆိုပါတယ်။

 “ဇာတ်ပို့ ဇာတ်ရံ မိတ်ဆွေတွေနဲ့ ရုပ်ရှင်အစည်းအရုံးမှာ အလှူရှိတော့မှ တွေ့ကြဆုံကြ၊ ရယ်မောကြနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြရင်းဆုံရတာပါ။ ဝမ်းလည်း ဝမ်းသာတယ်။ စိတ်ထဲမှာလည်း တကယ်ကို ရွှင်လန်းပြီး နေကောင်းသွားသလို ခံစားရတယ်။ ကိုယ်ဘာသာကိုယ်နေရင်တော့ မရယ်ဖြစ်ဘူး သူငယ်ချင်းတွေနဲ့ကြတော့ ပါးစပ်တောင် ပြန်စိ မရတော့ဘူး” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့တာပါ။ 

Photo: Moe D

ဦးမိုးဒီဟာ ကျန်းမာရေးကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ ခဏရပ်နားလိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိ Covid ကာလမှာလည်း အနုပညာအလုပ်တွေ ရပ်နားထားတာ ဖြစ်တဲ့အတွက် အလုပ်တွေ အတူတူလုပ်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေကို လွမ်းတယ်လို့ ဆိုပါတယ်။ 

“ အတူတူ ဇာတ်ကားရိုက်ခဲ့ကြတဲ့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် သူငယ်ချင်းတွေကို လွမ်းတာမှ အရမ်းပါပဲ။ ဒီလူတွေကလည်း ဒီအလုပ်နဲ့ပဲ လုပ်ကိုင်စားသောက်နေကြတာဆိုတော့ ဇာတ်ကားရိုက်ရင်လည်း ဒီကားမှာ ဒီလူတွေနဲ့ တွေ့ရင် နောက်တစ်ကားမှာ နောက်လူတွေနဲ့ ထပ်တွေ့၊ ပြီးရင် တစ်လှည့်စီ ပြန်ဆုံကြနဲ့ မိသားစုအရင်းတွေလို ဖြစ်နေခဲ့ကြတာ။ အခုကြတော့ Covid ကြောင့် ခပ်စိမ်းစိမ်းနေနေရပြီလေ" ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံး အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Moe D

 မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာမျိုးစက်အနေနဲ့ သားဖြစ်သူ လူရွှင်တော် ဟာသသရုပ်ဆောင် ကောင်းစံ ကလည်း ပရိသတ်အားပေးမှုတွေ ရရှိထားတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က